Main menu

Background

တရုတ်သို့ တင်ပို့မှုမြင့်မားနိုင်ခြေကြောင့် ပြောင်းအလားအလာကောင်း

Thu, 06/07/2012 - 07:38 -- Anonymous (not verified)

      ၂၀၁၂-၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့ပြောင်းထုတ်လုပ်မှု ပြန်လည်မြင့်တက်လာနိုင် ဖို့ခန့်မှန်းထားပြီး ချီကာဂိုကုန်သွယ်ရေးအသင်း  IGC  ကလည်း တရုတ်ကို တင် ပို့မှုဆက်လက်မြင့်မားနိုင်တယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့ဂျုံထုတ်လုပ်မှုက မြင့်တက်လာမယ်လို့ ခန့်မှန်း ထားပြီး တန်ချိန်  ၉၁၃ သန်းထိ ရောက်ရှိနိုင်သလို အလားတူ သိုလှောင်မှုလည်း မြင့်တက်ကာ တန်ချိန် ၁၄၁ သန်းထိရှိနိုင်တယ်လို့ နိုင်ငံတကာသီးနှံကောင်စီ IGC  မှသိရပါတယ်။ ပြောင်းထုတ်လုပ်မှုမြင့်မားလာတာကြောင့် ဈေးနှုန်းအပေါ် ဖိအား ရှိနိုင်ပေမယ့် တိရစ္ဆာန်အစားအစာအဖြစ် ပဲပုပ်ပြီးရင် ဒုတိယအသုံးအများဆုံး ပြောင်းသီးနှံဟာ တရုတ်နိုင်ငံရဲ့ဝယ်လိုအားကြောင့် ဈေးကျဖို့ခက်ခဲနိုင်ဖွယ်လည်း ရှိပါတယ်။ စိုက်ပျိုးမြေဧရိယာနဲ့ ထုတ်လုပ်မှုတိုးလာတာကြောင့် ၂၀၁၂-၂၀၁၃ ခုနှစ်မှာလည်း အမေရိကန်ရဲ့ ပြောင်းထုတ်လုပ်မှုက တန်ချိန် ၃၇၅ ဒသမ၆၈ သန်းအထိ မြင့်တက်နိုင်ကြောင်း ကမ္ဘာ့စိုက်ပျိုးရေးရောင်းလိုအားနဲ့ ဝယ်လိုအား ပျမ်းမျှခြင်း WASDE (World Agricultueal Supply and Demend Estimates)   အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အိန္ဒိယမှာတော့ အမျိုးသားကုန်စည်ဒိုင် NCDEX  မှာ ဇွန်လနဲ့ ဇူလိုင်လ အတွက်တော့ ပြောင်းရဲ့ အလားအလာမကောင်းပေမယ့် သြဂုတ်နဲ့ စက်တင်ဘာ မှာတော့ အခြေအနေကောင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အိန္ဒိယက ၂၀၁၁-၂၀၁၂ မှာ ပြောင်းတန်ချိန် ၂၁ ဒသမ ၃၃ သန်းထုတ်လုပ်ခဲ့တယ်လို့သိရပါတယ်။Source:Commodity  Online, KZW