Main menu

Background

နယ်စပ်မှ ရော်ဘာ တင်ပို့မှု ပိုမိုလျက်ရှိ

Thu, 06/07/2012 - 07:41 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ချင်းရွှေဟော်နယ်စပ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်တို့မှ မေလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၈၃၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၁၆ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၄၆ တန်တင်ပို့မှုပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့မှုတွေကတော့ မူဆယ်မှ RSS-3 ၂၁၃ တန်ကျော်၊ MSR-20  ၆၂ တန်ခန့် လွယ်ဂျယ်မှ MSR-20  ၁၀ တန်ခန့်နဲ့MSR-50 ၃၈ တန်ခန့်၊ ချင်းရွှေဟော်မှ RSS-3 ၇၁၃ တန်ခန့်နဲ့ မြိတ်မှ RSS-3  တန် ၈၀ ခန့်အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် မူဆယ်နဲ့ ချင်းရွှေဟော်မှ အပို့လျော့ခဲ့သော်လည်း ယခင်အပတ်က အပို့မရှိခဲ့တဲ့ လွယ်ဂျယ်နယ်စပ်မှယခုအပတ်မှာ အပို့ရှိခဲ့ပါတယ်။ မိမိဘက်မြေပြင်ဈေးပြောင်းလဲမှု မရှိသော်လည်း ရွှေလီဘက်မှာ ဈေးအနည်းငယ်မြင့်တက်လျက် ရှိပါတယ် -                            မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                            ယခု          ယခင်     ပြောင်းလဲမှု    %      ယခု       ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၈၁၂၂၀၀    ၂၈၁၂၂၀၀        -          -       ၃၄၄၆    ၃၃၇၅         ၇၁           ၂RSS - 5    ၂၇၀၉၀၀၀    ၂၇၀၉၀၀၀        -          -       ၃၃၁၉    ၃၂၅၂         ၆၇           ၂ MIRT (DOBT)