Main menu

Background

ဝယ်လိုအားကျဆင်း၍ ရော်ဘာလုပ်ငန်းများ တိုးတက်မှု နှေးကွေး

Thu, 06/07/2012 - 07:44 -- Anonymous (not verified)

    တရုတ်နိုင်ငံရဲ့အဓိကသင်္ဘောတင်ကုန်ပစ္စည်းတွေထားရှိတဲ့ ကွမ်ကျိုးဆိပ်ကမ်းမှာ ရော်ဘာဝယ်လိုအားတွေ ကျဆင်း တယ်လို့ ကွမ်းကျိုး နိုင်ငံတကာရော်ဘာကုန်စည်ဒိုင်ကထုတ်ပြန်ထားပါတယ်။ တာယာထုတ်လုပ်ရေးတွေရဲ့ ဝယ်လိုအားက လက်ရှိအချိန်မှာ အားနည်းနေတာကြောင့် ပြန်လည်သိုလှောင်မှုကိုလည်းအနည်းငယ်ပဲ ဆောင်ရွက်နေကြောင်း ကုန်စည်ဒိုင်ရဲ့ ဥက္ကဌကပြောကြား ခဲ့ပါတယ်။ ကွမ်ကျိုးဆိပ်ကမ်းက သိုလှောင်ရုံတွေမှာ လုပ်ငန်းရှင် တွေရဲ့သိုလှောင်မှုကတန် နှစ်သိန်းရှိပြီး ပထမဆုံး အကြိမ်ပိုလျှံမှုဖြစ်ကြောင်း ၎င်းဥက္ကဌက ပြောကြားခဲ့ပါတယ်။ မတ်လနဲ့ ဧပြီလဆန်းပိုင်းမှာရောင်းချခြင်းလုပ်ငန်းတွေ စတင်ခဲ့ပေ မယ့် မေလဆန်းကစလို့ အရောင်းကျ နေကြောင်း သိရပါတယ်။ ၂၀၁၁ ဖေဖေါ်ဝါရီလမှစပြီး တာယာထုတ်လုပ်ရေး တွေဖြစ်တဲ့ ဘရစ်(ချ်)စတုန်း၊ ဂွတ်ရီးယားနဲ့ မီချီလင်းတာယာတွေက အသုံးစရိတ်လျှော့ချခဲ့ကြောင်း သိရပါတယ်။ အကြီးဆုံး ကားဈေးဖြစ်တဲ့ တရုတ်ကားဈေးကွက်က သုံးနှစ်အတွင်းအရောင်းနှုန်းအနှေးဆုံးဖြစ်ပြီး ဥရောပရဲ့ကြွေးမြီဂယက်ကြောင့် ပါဈေးနှုန်းတွေထိုး ကျခဲ့ပါတယ်။ ယခုနှစ်ပထမ ၃ လပတ်မှာ တရုတ်ရဲ့ကားရောင်းချရနှုန်းက ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး အဆိုးဆုံးအခြေအနေ ကို ရောက်ခဲ့ကြောင်း တရုတ်မော်တော်ကားထုတ်လုပ်သူများ အသင်းက ဆိုပါတယ်။ ယခုရက်သတ္တပတ် အတွင်း တိုကျိုကုန်စည်ဒိုင် မှာတော့ ၁ ဒသမ ၄ ရာခိုင်နှုန်း ဈေးကျပြီး တစ်တန်ကို ၃၃၇၃ ဒေါ်လာရှိကာ အလားတူရှန်ဟိုင်း ကုန်စည်ဒိုင်ရဲ့ အရောင်းရဆုံး စာချုပ်ဈေးနှုန်းကလည်း ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့သိရပါတယ်။ တရုတ်ရဲ့ အညွှန်းကိန်းစာရင်းမှာ လွန်ခဲ့တဲ့နှစ်ကရော်ဘာက  ၃၀ ရာခိုင်နှုန်းခန့်ဈေးကျပြီး အဆိုးဆုံးကုန်ပစ္စည်းစာရင်းဝင်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ကွမ်ကျိုးမှာ သိုလှောင်မှု တွေပုံနေပေမယ့် ဂျပန်ရဲ့ဝယ်လိုအားကတော့မြင့်တက်နေကြောင်း Yutaka Shoji ကုမ္ပဏီမှ သုတေသီ က ပြောကြားခဲ့ပါတယ်။ မေလဆန်းမှာဂျပန်ရဲ့သိုလှောင်ရုံတွေထဲမှာ ရော်ဘာ ကုန်ကြမ်းသိုလှောင်မှု ၂ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး ၁၅၁၉၃ တန်ရှိကြောင်း ဂျပန်ရော်ဘာကုန်သည်အသင်းမှ သိရပါတယ်။Source: Bloomberg.com, KZW