Main menu

Background

ဒုတိယ သုံးလအတွင်း တရုတ်နိုင်ငံရဲ့ သကြား တရားမဝင် တင်သွင်းမှု သုံးပုံ နှစ်ပုံခန့် ကျဆင်းဖွယ်ရှိ

Thu, 06/07/2012 - 07:46 -- Anonymous (not verified)

    တရုတ်နိုင်ငံအကောက်အခွန်ရဲ့ ပြင်းထန်တဲ့ တားမြစ်မှုနဲ့ ထိုင်းသကြား ပရီမီယံ မြင့်တက်မှုတွေကြောင့် တရုတ်နိုင်ငံအတွင်း ကို သကြားတရားမဝင် တင်သွင်းမှုကျဆင်းခဲ့ကြောင်း၊ ယူနန်သကြားအသင်း အထွေထွေ အတွင်းရေးမှူး Deng  မှ ပြောကြား ပါတယ်။ ပထမ ၃ လအတွင်း တရားမဝင်တင်သွင်းမှု တန်ချိန် ၅ သိန်းအထိ ရှိခဲ့လို့ နှစ်ပေါင်း ၁၇ နှစ်အတွင်းမှာ အများဆုံး ဖြစ်တယ်လို့ ဧပြီလအတွင်း ကွမ်းရှီးသကြားအသင်းမှ ပြောကြားပါတယ်။ ဒါပေမယ့် ဒုတိယသုံးလအတွင်းမှာတော့ သုံးပုံနှစ်ပုံခန့် တင်သွင်းမှု ကျဆင်းနိုင်တယ်လို့ ၎င်းင်းမှ ဆိုပါတယ်။    ကွမ်းရှီးနဲ့ ယူနန်တို့ဟာ သကြားအများဆုံး ထုတ်လုပ်တဲ့ ပြည်နယ်များဖြစ်ပါတယ်။ အစိုးရသိုလှောင်မှု အစီအစဉ်က ရောင်းချမှု လျော့ကျတာကြောင့် ပြည်တွင်းသကြားဈေးဟာ ယခုနှစ်အတွင်း သုည ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့လို့ ယခင် နှစ် အောက်တိုဘာလနောက်ပိုင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပေမယ့် ဘရာဇီးနဲ့ အိန္ဒိယက သကြားအထွက် မြင့်တာကြောင့် နယူးယောက်သကြားဈေးက ၁၆ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။    ၂၀၁၁-၁၂ မှာ တရုတ်နိုင်ငံက သကြားတန်ချိန် ၂ ဒသမ ၂ သန်းတင်သွင်းရဖွယ်ရှိလို့ ၁၉၉၄-၁၉၉၅ ခုနှစ် နောက်ပိုင်းအများဆုံး ဖြစ်တယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာနမှ ခန့်မှန်းထားပါတယ်။ နွေရာသီအတွင်း စားသုံးမှု အမြင့်ဆုံး ရာသီဖြစ်လာခြင်းနဲ့ မှောင်ခိုတင်သွင်းမှု လျော့ကျခြင်းတို့ကြောင့် တရုတ်သကြားဈေးကွက် တည်ငြိမ်ဖွယ် ရှိတယ်လို့ ီနညါ မှ ဆိုပါတယ်။    ထိုင်းသကြားနဲ့ တရုတ်ပြည်တွင်း သကြားဈေးအကြား ကွာဟမှုဟာ ယခင်လက တစ်တန် ကန်ဒေါ်လာ ၅၀၀ ကျော်ရှိရာမှ ကန်ဒေါ်လာ ၃၀၀-၄၀၀ အောက်ကို နည်းလာပြီလို့လည်း ဆိုပါတယ်။ အဲဒီဈေးနှုန်းကွာဟမှုက မှောင်ခိုတင်သွင်းဖို့ အားပေးနိုင်လောက်အောင် မကြီးမားဘူးလို့ ဆိုပါတယ်။ ပထမ ၄ လအတွင်း တရုတ်နိုင်ငံက သကြားတန်ချိန် စုစုပေါင်း ၈၁၀၀၀၀ တင်သွင်းခဲ့ရာ ယခင်နှစ်ထက် ၂၄၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အကောက်ခွန် စာရင်းအရ သိရပါတယ်။ Zhengahou ကုန်စည်ဒိုင်မှာ သန့်စင်ပြီး သကြားကြိုပွိုင့်ဈေးက မေလ ၂၉ ရက်မှာ သုည ဒသမ ၄ ရာခိုင်နှုန်းပိုမိုပြီး၊ တစ်တန် ယွမ် ၆၀၀၄(ကန်ဒေါ်လာ ၉၄၆)နဲ့ ရောင်းဝယ်ကြောင်း သိရပါတယ်။ယမင်းခင်Source: chinadaily