နိုင်ငံတော်အစိုးရမှ ၂၀၀၇ခုနှစ် နှင့်အထက် မော်ဒယ်ရှိသည့် ကားများ ကို နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ ကားတင်သွင်းခွင့်ပြု လိုက်ခြင်းကြောင့် ငွေလဲစင်တာများတွင် နေ့စဉ်လိုလို နိုင်ငံခြားငွေများကို အဝယ်ထက် ရောင်း အားများနေခြင်းကြောင့် ယခုကဲ့သို့ အမေရိကန်ဒေါ်လာဈေး တက်လာ ရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ယခုတစ်ပတ်အတွင်းတွင် အမေရိကန်ဒေါ်လာဈေးသည် ဗဟိုဘဏ်မှ သတ်မှတ်ရာတွင် တစ်ဒေါ်လာလျင် ၈၄၁ ကျပ်အထိ သတ်မှတ်ခဲ့ခြင်း ကြောင့် အဆိုပါ ဈးနှုန်းပေါ်မူတည်၍ ငွေလဲစင်တာများက သတ်မှတ်ခဲ့ရာ အမေရိကန်ဒေါ်လာဈေးသည် ရောင်းဈေး ၈၄၄ ကျပ် ဝယ်ဈေး ၈၃၄ ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရသည်။"ကျွန်မတို့ဘဏ်မှာ နေ့စဉ်လိုလို ကားတင်သွင်းဖို့အတွက် လာဝယ်ကြ တယ်။ အခုရက်ပိုင်းမှာတော့ အဝယ်ထက် အရောင်းကပိုများတယ်။ ဘဏ် အကောင့်ဖွင့်တဲ့သူတွေက ဝယ်ကြတာများတယ်။ အဝယ်များလာတော့ ငွေဈေးက တက်လာတာပဲ။ ဒါကတော့ ဗဟိုဘဏ်က သတ်မှတ်ပေးတဲ့ နှုန်းပေါ်မှာမူတည်ပြီး ဝယ်ဈေးရောင်းဈေးကို သတ်မှတ်ရတာပါ''ဟုအေဂျီဒီ ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မယ်သီတာ
Background