Main menu

Background

ကားဈေးကွက် အေးသော်လည်း ဒီဇယ်သုံးမိုဒယ် အလယ်အလတ်ကားများ အရောင်းအဝယ်ရှိနေ

Thu, 06/07/2012 - 07:57 -- Anonymous (not verified)

    မေလကုန် ဇွန်လ  လဆန်းပိုင်း ရန်ကုန်မြို့ ကားဈေးကွက်၏ အခြေ အနေမှာ အရောင်းအဝယ်အေးေ နပြီး ဈေးကွက်တစ်ခုလုံး ရောင်းလိုသူများ နေကြောင်းသိရသည်။ မေလပထမပတ် အကျော်ယာဉ်တင်သွင်းခွင့်မူဝါဒအသစ် ထွက်ရှိ လာပြီးနောက်ပိုင်းမှ  ကုန်ကား အရောင်းအဝယ်ဈေးကွက်  အရောင်း မရှိ အဝယ်မရှိသလောက် ဖြစ်ခဲ့ပြီး ၅ ရက် တစ်ပတ်ခန့်ကြာမှ သာအရောင်း အဝယ်ပြန်ရှိကာ  ယင်းကားများမှာ လည်း အင်ဂျင်ပါဝါအကြီး ဒီဇယ်သုံး ကားများနှင့်ယခင်ရှိပြီး ဒီဇယ်သုံးအမြင့် ကား  ကားဟောင်းများဖြစ်ကြောင်း သိရသည်။ဝိုင်းထဲတွင်ဖြစ်ပေါ်နေသော ဈေး တန်းများမှာ ယခင် ကျပ်သိန်း ၁၅၀ ဝန်းကျင် ကားများမှာ ထက်ဝက်ခန့် (သို့မဟုတ်)သိန်း ၅၀ ခန့် ကျဆင်းသွား ကာ ၈၅ သိန်း၊ ၉၅ သိန်းဝန်းကျင်တွင် လည်းကောင်း၊ ၁၃၀ သိန်း၊ ၁၄၀ သိန်း တန် ကားများမှာ ၆၅ သိန်းမှ ၈၅ သိန်း ခန့်ရှိနေပြီး ယခုရက်ပိုင်းအတွင်း ပြန် ၍ အဝယ်ရှိလာသည်မှာ 86,87မိုဒယ် ဗင်များ၊ စူပါဆလွန်းများ၊ 90 မိုဒယ်  ဝန်းကျင် ဒီဇယ်သုံး မတ်(ခ်)တူးဆလွန်း၊ ခရက်စတာဆလွန်းများ ပါဝင်ကြောင်း အဝယ်သမားများမှာ  နယ်သုံးနှင့် တက္ကစီသုံးရန်ဖြစ်ပြီး  အချို့ဈေးကြီးပေး ဝယ်ခဲ့သော  သူများမှာလည်း ပြန်မ ရောင်းတော့ဘဲ တက္ကစီပြောင်းသုံးကြ ကြောင်း သိရသည်။ရွေးချယ်စရာများလာသော ကား ဈေးကွက်တွင် လူသုံးများပြီး အဝယ်ရှိ သည်မှာ လတ်တလောသွင်း မိုဒယ်မြင့် အင်ဂျင်ပါဝါသေး  ဆလွန်းယာဉ်ငယ် များဖြစ်ပြီး (97/98 ခုနှစ်ထုတ်) မိုဒယ် အလယ်အလတ် ဒီဇယ်သုံး ကိုရိုလာ ဗင်များ၊ ကာ(လ်)ဒီးနားများ၊ ဟိုင်းလတ် ဆပ်(စ်)များ၊ ပါဂျဲရိုးအုပ်စု ကားများ မှာလည်း အဝယ်ရှိလာကြောင်း၊ ဒီဇယ် သုံးဖြစ်ခြင်း၊   ပြင်ဆင်ရပါကလည်း ယခင် သုံးပြီးကားများဖြစ်၍  လက်ရှိ ဝပ်ရှော့များနှင့်  အကျွမ်းတဝင်ရှိပြီး နေရာမရွေး ပြင်ဆင်နိုင်သော အား သာချက်များေ ကြာင့်     ဖြစ်ကြောင်း အပေါ်ဝိုင်း   ဝါရင့်အကျိုးဆောင် ကိုမြင့်ကျော်မှ ပြောသည်။    ၂၀၀၇ ခုနှစ်  မိုဒယ်နှင့်အထက် ကားများ လွတ်လပ်စွာ တင်သွင်းခွင့် ပြုပြီးနောက်ပိုင်း  ယာဉ်ဟောင်းအပ် နှံပြီးစလစ်များ၊ ယာဉ်ဟောင်းများဈေး ကျဆင်းလာမှုကြောင့်   ကားအပ်နှံ လက်ခံဌာနများတွင် ယာဉ်အို၊ ယာဉ် ဟောင်းအပ်နှံမှုယခင်ကလောက် မများ တော့ဘဲ အပ်နှုန်းကျဆင်းသွားကြောင်း၊ အကြောင်းမှာဈေးတန်းများ  ကျဆင်း သွားသဖြင့် ယာဉ်အို/ဟောင်း ကား သန့် ကိုင်ထားသူများမှာ တွက်ခြေမ ကိုက်သဖြင့်လည်းကောင်း၊ လက်တင် စီးနင်းနိုင်အဆင့်ရှိသဖြင့် လည်းကောင်း၊ အပ်နှံမှုမပြုတော့ဘဲ အိမ်စီးအဖြစ်သာ ထားရှိခြင်း၊ လက်လွဲရောင်းချခြင်းများ သာပြုလုပ်ကြကြောင်း သိရသည်။ SN