Main menu

Background

နေပြည်တော်အနီး မွေးမြူရေးဇုန်များမှာ နေရာယူထားပြီး မွေးမြူမှုမရှိတဲ့ မြေများအား ပြန်သိမ်းမယ်

Thu, 06/07/2012 - 07:59 -- Anonymous (not verified)

နေပြည်တော်အနီး မွေးမြူရေးဇုန် ၇ ဇုန်မှာ နေရာယူထားပြီး မွေးမြူရေးအကောင်အထည်မေဖာ် တဲ့ မြေများကို ပြန်လည်သိမ်းဆည်း မှာဖြစ်ကြောင်း မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။နေပြည်တော်အနီးရှိ တပ်ကုန်းမြို့နယ်မှာ မွေးမြူရေးဇုန်  ၂ ဇုန်၊ လယ်ဝေးမြို့နယ်မှာ မွေးမြူရေးဇုန် ၂ ဇုန်နဲ့ ရမည်းသင်းမြို့နယ် မှာ မွေးမြူရေးဇုန် ၃ ဇုန်ကို ၂၀၀၇ ခုနှစ်က စတင်ဖော်ထုတ်ပြီး မွေးမြူရေးသမား  ၈၀ နီးပါးအား နေရာချထားပေးခဲ့သော်လည်း ၁၅ ဦးဝန်းကျင်သာ မွေးမြူရေးလုပ်ကိုင်လျက်ရှိကြောင်း သိရပါတယ်။ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ကန်ကြီးကုန်းဇုန်နဲ့ ရွှေမြို့ဇုန်အတွင်း နို့စားနွား၊ သိုး၊ ဆိတ်၊ ကြက်ကို လည်းကောင်း၊ လယ်ဝေးမြို့နယ်ရှိ ပြောင်ခေါင်းကြီးဇုန်အတွင်း ကြက်၊ ဝက်၊ ဆိတ်ကိုလည်းကောင်း၊ မင်းပြင်ဇုန် အတွင်း နို့စားနွားကိုလည်းကောင်း၊ ရမည်းသင်းမြို့နယ်ရှိ နဘူးကျင်းဇုန်အတွင်း ဆိတ်ကိုလည်းကောင်း၊ ထီးလှိုင်ဇုန် အတွင်း ဆိတ်နဲ့ နို့ထွက်ပစ္စည်းစက်ရုံကို လည်းကောင်း၊ ရေဦးဇုန်အတွင်း နို့စားနွားကိုလည်းကောင်း မွေးမြူရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ နေရာချထားပေး ခဲ့ကြောင်း သိရပါတယ်။ မွေးမြူမှုမရှိသူများအား သုံးလအကြာမှာ ပြန်လည်သိမ်းယူမှာဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရပါတယ်။                                ဇူးဇူး