Main menu

Background

ကုန်စည်ပို့ဆောင်မှု မြန်ဆန်ချောမွေ့စေရေးအတွက် ကုန်တင်ကား အစီး ၄၀၀ ကျော် တင်သွင်းမည်

Thu, 06/07/2012 - 08:01 -- Anonymous (not verified)

     ကုန်စည်ပို့ဆောင်ရာမှာ မြန်ဆန် ချောမွေ့ရေး၊ အန္တရာယ်ကင်းရှင်းရေးနဲ့ ယာဉ်လုံလောက်စေရေးအတွက် ကုန် တင်ယာဉ် အစီး ၄၀၀ ကျော်ကို ပေါက် ဈေးအမှန်ဖြင့် တင်သွင်းနိုင်ရန် စီစဉ် ထားကြောင်း၊ ဗဟိုအဝေးပြေးကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးလှဦးက မန္တလေး တိုင်းဒေသကြီး အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင် များအသင်း ဖွဲ့စည်းရေးနဲ့ အလုပ်အမှု ဆောင်အဖွဲ့   ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။"ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ အချိန် နဲ့တစ်ပြေးညီ  ကုန်ရောက်ရှိနိုင်ရေး အတွက် အဝေးပြေးကုန်စည်ပို့ဆောင် ရေးအခန်းကဏ္ဍက အဓိကကျပါတယ်။ ၂၀၁၅ ခုနှစ်မှာ  အာဆီယံနိုင်ငံများ အတွင်း   ကုန်စည်ပို့ဆောင်နိုင်ရေး အတွက်လည်း  ကူးသန်းဆက်ဆံဖို့ လိုအပ်လာတော့မယ်။ ပြည်တွင်းမှာ သာမက ပြည်ပနိုင်ငံများသို့ ကုန်စည် ပို့ဆောင်ရေးအခန်းကဏ္ဍကလုပ်ဆောင် နေရတော့ မှာဖြစ်ပါတယ်။ အဲဒီအတွက် ကုန်တင်ယာဉ်ကားတွေ  ကြံ့ခိုင်ဖို့လို အပ်ပါ တယ်။ ကျွန်တော်တို့သုံးစွဲနေတဲ့ ယာဉ်တွေကခေတ်မ မီတော့ဘူး။ ခေတ် နောက်ပြန်ဆွဲနေလို့  ကုန်တင်ယာဉ် ဝယ်ယူနိုင်ရေးအတွက် တင်ပြထားပါ တယ်''လို့ ပြောပါ တယ်။ကုန်တင်ယာဉ်အစီး ၁၀၀ ကျော်ကို ၂၀၀၀ ခုနှစ်မော်ဒယ်  တင်သွင်းခွင့်ပြု ကြောင်း ချထားခံရသော်လည်း ယာဉ် တစ်စီးကို ကျပ်သိန်း ၇၀၀၊ ၈၀၀၊ ၉၀၀ ရှိလို့ ဈေးမတက်နိုင်ခြင်းကြောင့် အမှန် ပေါက်ဈေး  ကျပ်သိန်း ၃၀၀၊ ၄၀၀ ကြားဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် အစီး ၄၀၀ ကျော် တင်သွင်းခွင့်ပြုရန် တင်ပြထားကြောင်း သိရပါတယ်။ ကုန် တင်ယာဉ်ဝယ်ယူခွင့်ရပါက တိုင်းဒေသ ကြီးနဲ့ပြည်နယ်ရှိ အဝေးပြေးကုန်စည်ပို့ ဆောင်ရေးအသင်းဝင်များသို့ ခွဲေ၀ ပေးမှာဖြစ်ကြောင်း သိရပါတယ်။ ကုန်စည်ပို့ဆောင်ရာမှာ ရန်ကုန်နဲ့ ပဲခူးလမ်းကြားမှာ  စံကတ္တားများချ ထားပေးပြီး၊ လမ်းပိုင်း ပဋိပက္ခမဖြစ်စေ ရေးအတွက် ဆောင်ရွက်နေကြောင်း သိရပါတယ်။                ဇူးဇူး