Main menu

Background

တင်ပို့မှု အားကောင်းခဲ့တဲ့ မြန်မာ့မန်ကျည်း

Thu, 06/07/2012 - 08:07 -- Anonymous (not verified)

         အခြားလယ်ယာထွက်ကုန် ပစ္စည်း တစ်မျိုးဖြစ်သော  မန်ကျည်းသီးအား ပြည်ပသို့ တင်ပို့လျက်ရှိရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်  ပင်လယ်ရေ ကြောင်းမှ အမေရိကန်ဒေါ်လာ ၉ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့သဖြင့် ၁၀ နှစ်တာကာလအတွင်း အမြင့်ဆုံး တင်ပို့ နိုင်ခဲ့ခြင်းဖြစ်ကြောင်း စာရင်းဇယားများ အရ သိရှိရပါသည်။ မန်ကျည်းသီးအား ပြည်တွင်း၌ ဟင်းချက်ရာတွင် ဟင်းအနှစ် ရစေရန် နှင့် အချဉ်ဓာတ်ရစေရန် ထည့်သွင်း ချက်ပြုတ်ခြင်း၊ တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာတွင် ကုန်ကြမ်းအဖြစ်ထည့် သွင်း အသုံးပြုခြင်း၊ မန်ကျည်းပလိပ်၊ မန်ကျည်းယို၊   မန်ကျည်းဖျော်ရည် စသည်ဖြင့် အစားအသောက်များ ပြု လုပ်သုံးစွဲကြသော်လည်း မြန်မာနိုင်ငံ  အနှံ့အပြားတွင်  ပေါက်ရောက်ဖြစ် ထွန်းခြင်း၊  ပြည်တွင်းစားသုံးပိုလျှံမှု ရှိခြင်းတို့ကြောင့် ပြည်ပသို့တင်ပို့ရောင်း ချခဲ့ရာ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မလေး ရှားနှင့် စင်ကာပူနိုင်ငံများသို့  အများ ဆုံးတင်ပို့လျက်ရှိကြောင်း   သိရှိရပါ သည်။ စိုက်ပျိုးရှင်သန်ပြီးသည်နှင့်  မည် သည့် သွင်းအားစုမျှထည့်သွင်းရန် မလို သော နှစ်ရှည်စားပင်မှ နိုင်ငံခြားဝင် ငွေများ တစ်နှစ်ထက်တစ်နှစ် တိုးတက် ရှာဖွေပေးလျက်ရှိသဖြင့် အရင်းအနှီး မများသော  စိုက်ပျိုးရလွယ်ကူသော မန်ကျည်းပင်များအား တိုးချဲ့စိုက်ပျိုး ခြင်းဖြင့် ပြည်ပဝင်ငွေများ တိုးတက်ရရှိ နိုင်ပါကြောင်း သတင်းကောင်းပါး ရေး သားတင်ပြအပ်ပါသည်။            ဟေမာန်ဝင်း