Main menu

Background

မန္တလေး သစ်သီးဈေးကွက်

Thu, 06/07/2012 - 08:10 -- Anonymous (not verified)

        မန္တလေး သစ်သီးပွဲရုံတွေမှာ ဖရဲ သခွားများ ရာသီကုန်သလောက်ရှိတာ ကြောင့် ဖရဲသခွားများ  နေ့စဉ်အဝင် မရှိဘဲ ရက်ခြားဝင်ပြီး အဝင်နည်းနေ ပါတယ်။ အဝင်နည်းတာကြောင့် ဖရဲ သခွားဈေးကောင်းပြီး တစ်လုံး ၁၀၀၀ ကျပ်ဈေးထိရပါတယ်။ ဖရဲသခွားဟာ  မိုးကုန်မှ  ပြန်ထွက် လာမှာဖြစ်တယ်လို့သိရပါတယ်။ စပျစ် လည်း အရောင်းအေးပြီး နွေသီးကုန် မိုးသီးတွေဝင်နေပါတယ်။  မိုးသီးဟာ နွေသီးလို  စားမကောင်းတာကြောင့် အရောင်းအေးတယ်လို့ သိရပါတယ်။ သရက်တွေလည်း နယ်စုံမှဝင်နေတာ ကြောင့် ဈေးချိုလာပါတယ်။ အရောင်း အဝယ်ကတော့ စားသုံးသူအပေါ် မူ တည်နေတယ်လို့သိရပါတယ်။ သစ်သီး ဈေးတွေကတော့ ဖရဲတစ်လုံး ၇၀၀ ကျပ်၊ ၈၀၀ ကျပ်၊ သခွားတစ်လုံး ၈၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ စပျစ်ညိုတစ်ဖာ ၄၇၀၀ ကျပ်၊ သရက် စိန်တစ်လုံး ၈၀ ကျပ်-၂၆၀ ကျပ်၊ ဟင်္သာတစ်တောင်း ၇၀၀၀ ကျပ်၊ ၈၀၀၀ ကျပ်ဈေးရှိပြီး၊ ဟင်္သာကတော့ အဝင်နည်းသေးတယ် လို့ သစ်သီးဈေးကွက်မှ သိရပါတယ်။မျိုးသီတာ