Main menu

Background

သမဝါယမဈေးပွဲတော် မုံရွာ ဇေယျာရွှေမြေအားကစားကွင်းတွင် ကျင်းပမည်

Thu, 06/07/2012 - 08:10 -- Anonymous (not verified)

       ၂၀၁၂ ခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနှစ် အထိမ်းအမှတ်ဈေးရောင်းပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ မုံရွာမြို့ ဇေယျာရွှေမြေအားကစားကွင်းမှာ ၂၀၁၂ ခုနှစ် ဇွန် ၃ ရက်မှ ၇ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ည ၉ နာရီအထိ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။အဆိုပါ သမဝါယမဈေးရောင်းပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းများမှ ဒေသထွက်ကုန် ပစ္စည်းမျိုးစုံကို ခင်းကျင်းပြသရောင်းချသွားမှာဖြစ်ပြီး ဈေးပွဲတော်လာ ဧည့်ပရိတ်သတ်များအား မော်ဒယ်ရှိုးပွဲများနဲ့ ညစဉ်ဧည့်ခံ ဖြေဖျော်သွား မှာဖြစ်ကြောင်း သတင်းရပါတယ်။                                                          ထွန်းလှိုင်