Main menu

Background

ရက်သတ္တပတ် စီးပွားရေးသတင်းတိုများ

Thu, 06/07/2012 - 08:15 -- Anonymous (not verified)

ဘရပ်ဆဲလ်    ယူရိုဇုန်နယ်မြေမှာ ဘဏ်အပ် ငွေတွေကိုပူးတွဲအာမခံထားဖို့ဥရောပ ဗဟိုဘဏ်က မေ ၃၁ ရက်က ဖိအား ပေး တိုက်တွန်းခဲ့ပါတယ်။ ဥရောပ အုပ်စုရဲ့ ကြွေးမြီ အကျပ်အတည်းက ရင်းနှီးမြှုပ်နှံသူတွေ ရှောင်ရှားသွား စေနိုင်တဲ့အတွက် ဘဏ်လုပ်ငန်း လည်ပတ် နိုင်အောင် လက်နက် ကိရိယာသစ် လိုတယ်လို့ ပြောပါ တယ်။ အကျပ်အတည်း တိုက်ဖျက် ရေးယန္တရားနဲ့ တင်းကျပ်တဲ့ ဘဏ္ဍာ ရေးစည်းမျဉ်းတွေမရှိရင်ယူရိုငွေကြေး က ပြိုကွဲသွားနိုင်တယ်လို့ ဥရောပ ကော်မရှင်ကလည်း သတိပေး ထား ပါတယ်။           Source:reutersဝါရှင်တန်    လောလောဆယ်မှာ စီးပွားရေး ဆုတ်ကပ်ဖြစ်နေပြီး ဘဏ်လုပ်ငန်း အကျပ်အတည်း ဆိုးဝါးနေတဲ့ စပိန် နိုင်ငံကိုကူညီဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းကို အပြည်ပြည်ဆိုင်ရာ ငွေ ကြေး ရန်ပုံငွေ အဖွဲ့က မေ ၃၁ ရက် က ငြင်းဆိုခဲ့ပါတယ်။  စပိန်နိုင်ငံ အတွက် ဘဏ္ဍာရေး အကူအညီပေး ဖို့ အစီအစဉ်တွေကို ရေးဆွဲခြင်းမရှိ သေးကြောင်းနဲ့စပိန်နိုင်ငံကလည်းအိုင် အမ်အက်ဖ်မှဘဏ္ဍာရေးအထောက်အပံ့ တောင်းဆိုမှု မရှိသေးကြောင်း အိုင် အမ်အက်ဖ် ပြင်ပ ဆက်ဆံရေး ညွှန် ကြားရေးမှူးက ပြောပါတယ်။            Source:rttnews.comဟနွိုင်း    ဗီယက်နမ်နိုင်ငံရဲ့  ကြော်ငြာ လုပ်ငန်းမှ ဝင်ငွေက ၂၀၁၁ ခုနှစ်မှာ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရရှိခဲ့ ရာ ယခင်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း တိုးတက်မှုရှိတာကို တွေ့ ရပါတယ်။ ယခင်နှစ်တွေက ၂၅ ရာ ခိုင်နှုန်း နဲ့ ၃၀ ရာခိုင်နှုန်းရဲ့ အောက် ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ငွေ ကြေး ဖောင်းပွမှုနှုန်းနဲ့ ပြန်တွက် ကြည့်ရင်တော့ ဖွံ့ဖြိုးမှုကျဆင်းနေ တယ်လို့ ကျွမ်းကျင်သူတွေက ပြော ပါတယ်။Source:english.vietnamnet.vnဘန်ကောက်    အာဆီယံ စီးပွားရေး အသိုက် အဝန်းကို မူလချမှတ်ထားတဲ့အတိုင်း ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆုံး ဖြတ်ချက်ကို အာဆီယံ လေးနိုင်ငံက ခေါင်းဆောင်တွေက အတည်ပြု ထားပြီး ဖြစ်ပါတယ်။ မေ ၃၁ ရက်က ဘန်ကောက်မှာ ကျင်းပတဲ့ ကမ္ဘာ့ စီး ပွားရေး ဖိုရမ်ဖွင့်ပွဲမှာလည်း ဘုံဈေး ကွက်မှာ နောက်ဆုံးတွင်အရှေ့ အာရှ နဲ့အခြားနိုင်ငံတွေကိုလည်း ပါဝင်နိုင် မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။Source:peopledaily.com