Main menu

Background

၂၀၁၂ ခုနှစ် ဒုတိယသုံးလပတ်အတွင်း စပိန်၌ စီးပွားရေး ဆုတ်ကပ်ဖြစ်နိုင်

Thu, 06/07/2012 - 08:17 -- Anonymous (not verified)

    စီးပွားရေး  ယိုယွင်းနေတဲ့ စပိန် နိုင်ငံက ၂၀၁၂ ခုနှစ်  ဒုတိယသုံးလ ပတ်မှာ စီးပွားရေးဆုတ်ကပ်ကြုံနိုင် ကြောင်းနဲ့ လူပေါင်းများစွာ အလုပ် လက်မဲ့ဖြစ်နိုင်ကြောင်း ဗဟိုဘဏ်ရဲ့ အစီရင်ခံစာမှာ မေ ၂၉ ရက်က ဖော် ပြထားပါတယ်။ စပိန်စီးပွားရေးက သုံး လပတ် နှစ်ပတ်ဆက်တိုက်ကျဆင်းနေ ပြီး စီးပွားရေး ဆုတ်ကပ်ဖြစ်ပေါ်နေတဲ့ အတွက် ယခုနှစ်ပထမသုံးလအတွင်းမှာ အလုပ်လက်မဲ့နှုန်း   ၂၄ ဒသမ ၄ ရာခိုင်နှုန်းထိ  ရှိခဲ့ပါတယ်။  စီးပွား ဆုတ်ကပ် ၂၀၁၂ ခုနှစ် နှစ်လယ်အထိ ရှိနေနိုင်တယ်လို့ ဗဟိုဘဏ်ကခန့်မှန်း ပါ တယ်။    သူတို့ရဲ့ ကုန်ပစ္စည်းတွေအတွက် နိုင်ငံခြားကအမှာစာတွေကျဆင်းနေတယ် လို့ စပိန်ကုန်ထုတ်လုပ်သူတို့ရဲ့ အစီ ရင်ခံစာမှာတွေ့ရကြောင်း ဗဟိုဘဏ်က ပြောပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း မှာ ဧပြီကရှိခဲ့တဲ့ အလုပ်လက်မဲ့နှုန်းက ၁၇ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး အလုပ် အကိုင်တွေက လျင်မြန်စွာကျဆင်းနေ တယ်လို့ ပြောပါတယ်။    ဒုတိယသုံးလပတ်မှာ စီးပွားရေး ကျဆင်းမှု ထပ်မံ ဖြစ်ပွားနိုင်ကြောင်း စီးပွားရေးဝန်ကြီးလူဝစ်ဒီဂွန်က ပြောပါ တယ်။ စီးပွားရေးက ၂၀၁၁ ခုနှစ် နောက်ဆုံး သုံးလပတ်မှာ သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သလို ၂၀၁၂ ခုနှစ် ပထမသုံးလပတ်မှာ အလားတူ ကျဆင်းခဲ့ကြောင်း တရားဝင် စာရင်း ဇယား တွေအရ သိရပါတယ်။    ၂၀၁၂ ခုနှစ် တစ်နှစ်လုံးအတွက် စပိန်ရဲ့စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုက ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး ၂၀၁၃ ခုနှစ်မှာ သုည ဒသမ ၂ ရာခိုင် နှုန်း တိုးတက်မယ်လို့ ဘဏ္ဍာရေး ဝန်ကြီးက ခန့်မှန်းပါတယ်။Source.AFP