Main menu

Background

ဗီယက်နမ်တွင် ဘိလပ်မြေ လက်ကျန် များပြား

Thu, 06/07/2012 - 08:18 -- Anonymous (not verified)

    ဗီယက်နမ်မှာ ဘိလပ်မြေထုတ်လုပ်မှု ၁၇ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၁၉ သန်းသာထုတ်လုပ်နိုင်ပေမဲ့ မေလကုန်မှာ ဘိလပ်မြေအိတ်လက်ကျန် ၃ ဒသမ ၅ သန်းရှိနေကြောင်း ဗီယက်နမ် ဘိလပ်မြေအသင်းက ပြောပါတယ်။ လက်ကျန်များေ နတာကလောလောဆယ်မှာ ဘိလပ်မြေလုပ်ငန်းအတွက် အကြီးမားဆုံးပြဿနာတစ်ရပ်ဖြစ်နေကြောင်းအသင်းရဲ့ အထွေအထွေ အတွင်း ရေးမှူး ဒိုဒပ်အုန်းက ပြောပါတယ်။ ဗီယက်နမ်ရဲ့ ယခုနှစ် ဘိလပ်မြေအတွက် တန် ၆၀-၆၂ သန်းထိ ရှိပြီး ပြည်တွင်းသုံးစွဲမှုက တန် ၄၇-၄၈ သန်းပဲရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ယခုနှစ်မှာ တန် ၇-၈ သန်းတင်ပို့ရလိမ့်မယ်လို့ ခန့်မှန်း ထားတဲ့အတွက် မရောင်းရဘဲကျန်နေမဲ့ ဘိလပ်မြေ က တန် ၆ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။     ယခုလို လက်ကျန်တစ်ပုံကြီးဖြစ်နေရတာက လွန်ခဲ့တဲ့နှစ်များအတွင်းက ရင်းနှီးမြှုပ်နှံမှုတွေများခဲ့လို့ ဖြစ်ကြောင်း လုပ်ငန်းပိုင်းဆိုင်ရာ အတွင်းလူတွေက ပြောပါတယ်။ ဗီယက်နမ်နိုင်ငံမှာ လောလောဆယ် ဘိလပ်မြေ စက်ရုံ ၁၀၀ ကျော်ရှိနေပြီး လျာထားထုတ်လုပ်မှုစွမ်းရည်တန် သန်း ၇၀ ရှိပါတယ်။ သွင်း အားစု ကုန်ကျစရိတ် တွေမြင့်မားနေပေမဲ့ လက်ကျန်တွေများနေတဲ့ အတွက် ဘိလပ်မြေထုတ်လုပ်သူတွေက ရောင်းဈေးကိုလျှော့ချရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ငွေကြေးအခက်အခဲေ တွ ဖြစ်နိုင်ပါတယ်။    သွင်းအားစုစရိတ်တွေ ခေါင်ခိုက်အောင်မြင့်တက်နေချိန်မှာ ရောင်းဈေးကို တက်လို့မရတဲ့အတွက် ဘိလပ်မြေထုတ်လုပ်သူတွေက ငွေကြေးအခက်အခဲ တွေနဲ့ ရင်ဆိုင်နေရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အအုံ ကုန်ကြမ်းဌာနခွဲညွှန်ကြားရေးမှူး လီဗန်တွိုင်းက ပြောပါတယ်။ ချေးငွေ အတိုးနှုန်းတွေက မြင့်တက်နေတဲ့အတွက် ဘဏ်ချေးငွေကို အားကိုးနေရတဲ့ ဘိလပ်မြေ ထုတ်လုပ်သူတွေအတွက် အခြေအနေက ပိုမိုဆိုးဝါးလျက်ရှိပါတယ်။                                                                               Source.VNS