Main menu

Background

ဈေးနှုန်း ကျဆင်းမှုကြောင့် တရုတ် LED ချစ်ပ် ထုတ်လုပ်သူ ထက်ဝက်ခန့် ဒုက္ခတွေ့

Thu, 06/07/2012 - 08:21 -- Anonymous (not verified)

    ပစ္စည်းလက်ကျန် များနေခြင်းနဲ့ ဈေးနှုန်းတွေ  ကျဆင်းနေတဲ့အတွက် တရုတ်နိုင်ငံမှာရှိတဲ့ LED  ချစ်ပ်ထုတ် လုပ်ရေးကုမ္ပဏီေ တွ   ပြိုကွဲမဲ့အနေ အထား ရှိနေပါတယ်။ ဒီကုမ္ပဏီတွေက ဆမ်ဆောင်းတယ်လီဗွီးရှင်းမော်နီတာနဲ့ ရှပ်ရဲ့ ကွန်ပျူတာ မော်နီတာတွေ မှာ သုံးတဲ့ ချစ်ပ်တွေဖြစ်ပြီး ကုမ္ပဏီ ကြီးတွေနဲ့ နိုင်ငံတော်အထောက်အပံ့ခံ ကုမ္ပဏီတွေသာ ဆက်လက် ရုန်းနိုင်မဲ့ သဘောရှိ ပါတယ်။     တီဗွီတွေနဲ့ ကွန်ပျူတာတွေအရောင်းထိုင်းတဲ့အတွက် ယခုနှစ်မှာ LED  ဈေးနှုန်းတွေ ၂၀ ရာ ခိုင်နှုန်းထိ ကျနိုင်တယ်။ တရုတ် LED  ထုတ်လုပ်ရေးကုမ္ပဏီငယ်ကလေးအတွက် ကုမ္ပဏီကြီး ပေါင်းစည်းမှု သို့မဟုတ် လုပ်ငန်း ရပ်ဆိုင်းမှု ကသာ အကောင်း ဆုံး ရွေးချယ်ဖြစ်မယ်လို့ လေ့လာဆန်း စစ် သူတွေက ပြောပါတယ်။ ဈေးကွက် ထုတ်လုပ်မှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံရှိပြီး တရုတ်နိုင်ငံမှာLED    ထုတ်လုပ်မှုဖြစ်တဲ့ ဆန်နန်အော့ပတို အီလက်ထရွန်းနစ် ကုမ္ပဏီလီမိတက် အီလက်တက် အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်တို့သာ  အစိုးရထံမှ ထောက်ပံ့ငွေကြေးနဲ့  ဆွဲဆောင်မှုတွေ ရနိုင်တဲ့အတွက်   လက်တစ်ဆုပ်စာ ကုမ္ပဏီတွေသာ ကျနိုင်မယ်လို့ လေ့လာ ဆန်းစစ်သူတွေက ပြောပါတယ်။    LED လုပ်ငန်းအများစုအတွက် လွန်ခဲ့တဲ့သုံးနှစ်ကျော်အတွင်းအစိုးရက အခွန်ကင်းလွတ်ခွင့်၊ မြေယာ အခမဲ့ အသုံးပြုခွင့် LED     ချစ်ပ်ထုတ်လုပ်ရေး ကိရိယာတွေဝယ်ဖို့ ငွေသား ၁ ဒသမ ၆ ဘီလီယံ ထုတ်ပေးခြင်းစတဲ့  ဆွဲ ဆောင်မှုတွေ ပေးခဲ့ပါတယ်။ ယခုအခါ အစိုးရက ဒီဆွဲဆောင်မှုတွေကို တစ်စစ ရုပ်သိမ်းနေပါတယ်။ ပရိုဗျူးအင်တာ နေရှင်နယ် ကုမ္ပဏီကလည်း LED     ဈေးနှုန်းတွေကျဆင်းမှုနဲ့ ဟန်ချောင်း စီလန်အပါအဝင် အခြား LED    ကုမ္ပဏီတွေရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု တွေနဲ့ ရင်ဆိုင်နေရပါတယ်။    ၂၀၁၁ ခုနှစ်အတွင်း LED    ကုမ္ပဏီ တွေရဲ့ ရှယ်ယာတွေ ၃၀ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါတယ်။Source.reuters.com