Main menu

Background

မြေငလျင်ဖြစ်ပြီးနောက်ပိုင်း ဂျပန် ဧပြီမော်တော်ကားထုတ်လုပ်မှုမြင့်တက်

Thu, 06/07/2012 - 08:23 -- Anonymous (not verified)

    ၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ငလျင်-ဆူနာမီရဲ့ ဂယက်မှ ပြန်လည်နာလန်ထူလာပြီးဖြစ်သည့်အတွက် ဂျပန်နိုင်ငံရဲ့ မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းကြီးများရဲ့ ဧပြီထုတ် လုပ်မှု မြင့်မားခဲ့ကြောင်း မေ ၂၈ ရက်သတင်းများအရ သိရ သည်။ ကုမ္ပဏီကြီးတွေဖြစ် တဲ့ တိုယိုတာ၊ နီဆန်နဲ့ ဟွန်ဒါ တို့က ၂၀၁၁ ခုနှစ်က သဘာဝဘေးအန္တရာယ် ကြုံပြီးတဲ့ နောက် လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုနဲ့ အစိတ်အပိုင်း များရရှိတာပြတ်တောက်မှုတို့ကြောင့်ထုတ်လုပ်မှုတွေ ကျဆင်း ခဲ့ပါတယ်။ ယခုနှစ်အလားတူကာလမှာတော့ ထုတ်လုပ် မှုတွေ တစ်ဟုန်ထိုးမြင့်တက်လာတာကို တွေ့ရပါတယ်။    ဧပြီအတွင်းက ကုမ္ပဏီရဲ့ ထုတ်လုပ်မှုက သုံးဆကျော် မြင့်တက်ပြီးစင်းရေ ၃၅၂ ၉၇၃ စင်း ရှိခဲ့ပါတယ်။ ပြည်ပ ထုတ်လုပ်မှုက ၆၄ ဒသမ ၈ ရာခိုင်နှုန်း  မြင့်တက်ကာ   ၄၃၉၉၈၈ စင်းရှိခဲ့ကြောင်း ဂျပန်နိုင်ငံရဲ့ အကြီးဆုံး မော်တော် ကား ထုတ်လုပ်ရေး ကုမ္ပဏီကြီး တိုယိုတာက ပြောပါတယ်။ ဟွန်ဒါမော်တော်ကားကုမ္ပဏီရဲ့ ပြည်တွင်း ထုတ်လုပ်မှုက ၅၁၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး ၈၇၀၄၉ စင်းရှိခဲ့ပါ တယ်။ ပြည်ပမှာ ထုတ်လုပ်မှုက ၁၁၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး ၂၆၄၆၁၄ စင်း ရှိခဲ့ပါတယ်။ နီဆန် ကုမ္ပဏီရဲ့ ထုတ်လုပ်မှုက ၉၄ ရာခိုင်နှုန်းမြင့်တက် ပြီး ၈၅၇၃၄ စင်း ရှိခဲ့ပါတယ်။ ပြည်ပမှာ ထုတ်လုပ်မှုက ၃၉ ဒသမ ၂ ရာခိုင် နှုန်း ၂၈၃၇၈၈ စင်းရှိခဲ့ပါတယ်။    ထိုင်းနိုင်ငံမှာ ရေကြီးတဲ့အတွက် ပစ္စည်းပေးသွင်းတဲ့ ကွင်းဆက်ပြတ်တောက်ခဲ့လို့ ယခင်နှစ်ဧပြီက ဂျပန် မော်တော် ကားလုပ်ငန်းတွေ စံချိန်တင်လောက်အောင် ဆိုးဝါးခဲ့ပါတယ်။Source.AFP