Main menu

Background

ယန်းတန်ဖိုး မြင့်တက်မှုကြောင့် ဂျပန်ဗဟိုဘဏ်က ဝင်ရောက်ထိန်းသိမ်းဖို့စီစဉ်

Thu, 06/07/2012 - 08:29 -- Anonymous (not verified)

    ယန်းငွေ တန် ဖိုးက ယူရိုနဲ့   ဖလှယ် ရာမှာ  အဆမတန် မြင့်တက်လာတဲ့ အ တွက်ဂျပန်ဘဏ္ဍာရေး ဝန်ကြီးက ပြတ်ပြတ် သားသား အရေးယူ ဆောင်ရွက်ရမယ်လို့ သတိပေးပြောကြား ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံက ဇွန် ၁ ရက်မှာ ယန်းငွေတန်ဖိုး မြင့်တက်နေတာကို ထိန်းချုပ်ဖို့ဈေးကွက်အတွင်း ဝင်ရောက် စီမံဆောင်ရွက်တော့မှာဖြစ်ကြောင်း ပြော ပါတယ်။    "ဒီအခြေအနေအတိုင်း ဆက်ပြီးတန်ဖိုးတက်နေမယ်ဆိုရင် ကျွန်တော်ပြတ်ပြတ် သားသား အရေးယူဆောင်ရွက်ရပါလိမ့်မယ်''လို့ အဇုမိကသတင်းထောက်တွေ ပြောကြောင်း ဂျီဂျီသတင်း အေဂျင်စီက ပြောပါတယ်။    ကြွေးလည်ပင်းခိုက်နေတဲ့ ဂရိနိုင်ငံက ယူရိုဇုန်ကိုစွန့်ခွာတော့မယ်ဆိုတဲ့ စိုးရိမ် မှုအပြင် စပိန်နိုင်ငံမှာဖြစ်နေတဲ့ ဘဏ်အခက်အခဲကအပြည်ပြည်ဆိုင်ရာ ကယ်တင် ငွေလိုတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေဖြစ်ပွားနေတဲ့အတွက် ယူရိုနဲ့ဖလှယ်ရာမှာ ယန်း ငွေတန်ဖိုး ၁၁ နှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းနဲ့ ကြုံခဲ့ပြီးနောက် ယခုလိုမျိုးဖြစ်ပျက် ခဲ့တာ ဖြစ်ပါတယ်။    ယူရိုတန်ဖိုးက နယူးယောက်မှာ တစ်ယူရိုကို ၆၉ ဒသမ ၅၁ ယန်းနှုန်းထိ ကျဆင်းခဲ့ရာ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာနောက်ပိုင်းရှိခဲ့တဲ့ ဈေးနှုန်းတွေအနက် အနိမ့် ဆုံး ဈေးဖြစ်ခဲ့ပါတယ်။ ယူရိုတန်ဖိုးက တစ်ရက်အလိုက တစ်ယူရိုကို ၉၇ ဒသမ ၅၁ ယန်းနှုန်းကနေ ယခုလိုပြုတ်ကျလာတာ ဖြစ်ပါတယ်။          Source.AFP