Main menu

Background

အိန္ဒိယငွေကြေးတန်ဖိုး တစ်ဟုန်ထိုး ဆက်လက်ကျဆင်း

Thu, 06/07/2012 - 08:26 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု (ဂျီဒီပီ) ကိန်းဂဏန်းများ ကျဆင်းနေပြီး နောက်ပိုင်း အိန္ဒိယရူပီး တန်ဖိုးသည် မေ ၃၁ ရက်က တစ်ဟုန်ထိုးကျဆင်းခဲ့ပြီး  BSE Sensex အညွှန်းကလည်း ကျဆင်းခဲ့ပါတယ်။ မနက်ပိုင်း ဈေးကွက်မှာ ရူပီးတန်ဖိုးက စံချိန်တင်အနိမ့်ဆုံးဖြစ်တဲ့ ၅၆ ဒသမ ၅၂ ရူပီးနှုန်းအထိ ကျဆင်းပြီးနောက် တစ်ဒေါ်လာကို ၅၆ ဒသမ ၀၈ ရူပီးထိ ပြန်ရောက်လာပါတယ်။ ရူပီးဈေးက မေ ၃၀ ရက်က တစ်ဒေါ်လာကို ၅၆ ဒသမ ၂၃ ရူပီးနှုန်းရှိ ခဲ့ပါတယ်။ ကမ္ဘာ့စီးပွားေ ရးနှေးကွေးတာနဲ့ ယူရိုအကျပ် အတည်း ဆက်လက်ဖြစ်ပွားမှုစတဲ့ ကမ္ဘာ့စိုးရိမ်စရာ အခြေ အနေတွေက ရူပီးကို လာပြီးဂယက်ရိုက်ခတ်မှုရှိခဲ့ပါတယ်။ ဒါကြောင့် ရူပီးတန်ဖိုးက ခြောက်လတာကာလအတွင်း အဆိုး ဝါးဆုံးဖြစ်ခဲ့ပါ တယ်။    "ဂျီဒီပီကျဆင်းတာနဲ့ နိုင်ငံရေး ပြဿနာတွေလို ပြည် တွင်းပြဿနာတွေအတွက် စိုးရိမ်နေရချိန်မှာ တခြားကမ္ဘာ့ ငွေကြေးတွေရဲ့နောက်က ရူပီးက   လိုက်ခဲ့ပါတယ်"  လို့ IndusInd Bank ဒုတိယဥက္ကဋ္ဌ   မိုးဆက်ဟတ်ဒင်း က ပြောပါတယ်။    ရူပီးပြန်လည်နာလန်ထူလာမဲ့ အခြေအနေက ကမ္ဘာ့ငွေ ကြေးတွေနဲ့ ဒေါ်လာဖလှယ်မှုအပြင် ယူရိုအကျပ်အတည်း ပေါ်ကိုလည်း မူတည်နေပါ တယ်။    လောလောဆယ်ဖြစ်နေတဲ့ အလားအလာက "အား တက်စရာ'' မဖြစ်သေးကြောင်းနဲ့ အသင့်တော်ဆုံး ဖလှယ်နှုန်း ကတော့ တစ်ဒေါ်လာကို ၅၅ ရူပီးနဲ့ ၅၇ ရူပီးနှုန်းဖြစ်ကြောင်း သူက ပြောပါတယ်။ မေလကုန်က အိန္ဒိယရှယ်ယာဈေးတွေ ကလည်း နိုဝင်ဘာနောက်ပိုင်း အဆိုးဆုံးအခြေ အနေရှိခဲ့ပါ တယ်။  BSE (Sensex) အညွှန်းကိန်းကလည်း သုည ဒသမ ၅၇ ရာခိုင်နှုန်း ကျဆင်းပြီး ၁၆၂၁၈ ဒသမ ၅၃ ထိ ကျဆင်း ခဲ့ပါတယ်။    တာတာမော်တာ၊ ဖာရူတီဆူဇူကီ နဲ့ အိုင်စီဘဏ်တို့ရဲ့ ရှယ်ယာတွေကျဆင်းခဲ့သလို ကင်းဖစ်ရှာလေကြောင်း လိုင်းရဲ့ ရှယ်ယာတွေလည်း ဈေးကျခဲ့ပါတယ်။ှSource:indiatoday.intoday.in