Main menu

Background

ရှမ်းပြည်နယ်(မြောက်ပိုင်း) အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း စတင်ဖွဲ့စည်း

Thu, 06/07/2012 - 09:38 -- Anonymous (not verified)

    ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ အတွင်း အာဆီယံ စံချိန်စံညွှန်းများနှင့် အညီ လမ်းတံတားများ ရေရှည်တည် တံ့ရေး၊ ကုန်တင်ယာဉ်များ ခိုင်ခန့် ကောင်းမွန်ရေး၊ နိုင်ငံအတွင်း ဒေသ ထွက် ပို့ကုန်များ  သယ်ယူပို့ဆောင် စရိတ် လျော့နည်းစေရေးနဲ့ ကုန်စည် များ သယ်ယူပို့ဆောင်ရာမှာ မြန်ဆန် သွက်လက်စေရေးတို့အတွက်  မိမိတို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသ မြို့ နယ်အသီးသီးရှိ  အဝေးပြေးကုန်စည် ပို့ဆောင်ရေးကားဂိတ်မှ  အဝေးပြေး ယာဉ်ပိုင်ရှင် ကိုယ်စားလှယ်များပါဝင်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း  အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ် ငန်းရှင်များအသင်း စတင်ဖွဲ့စည်းခြင်း အခမ်းအနားကို ၂၀၁၂ ခုနှစ် မေ ၂၆ ရက်က  လားရှိုးမြို့ မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ တွဲဖက် ပြည်နယ်မန်နေဂျာရုံး အစည်းအဝေး ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။  ရှမ်းပြည်နယ်   (မြောက်ပိုင်း) အဝေးပြေး   ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု  လုပ်ငန်းရှင်များအသင်း (လျာထား)  အလုပ်အမှုဆောင် အဖွဲ့ အား အခမ်းအနားသို့ တက်ရောက်လာ သူ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များမှ အများသဘောတူ လျှို့ဝှက်မဲပေး စနစ်ဖြင့် ရွေးချယ်တင် မြှောက်ခြင်း အစီအစဉ်အား ကျင်းပ ပြုလုပ်ခဲ့ပြီး ရွေးချယ်တင်မြှောက်ခြင်းခံ ရတဲ့ အသင်းဥက္ကဋ္ဌ ဦးထွန်းတင် (ခေါ်) ဦးထွန်းလူမှ အမှာစကားပြောကြားခဲ့ ကြောင်း သိရပါတယ်။ရှမ်းပြည်နယ်(မြောက်ပိုင်း) အဝေး ပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ နောင်မကြာမီ ကာလ မှာ ပြည်နယ်အတွင်းပြေးဆွဲနေ သော ဒိုင်နာယာဉ်၊ ဟိုင်းလတ်ယာဉ် များ ကုန်ပစ္စည်း ပိုမိုတင်ဆောင်နေခြင်း၊ ဂိတ်များမှာ ကတ္တားစံ မမီခြင်းများရှိနေ ခြင်း၊ သယ်ယူစရိတ်  ကြီးမြင့်နေခြင်း များအတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာန တွဲဖက်ပြည်နယ်ပြည်သူ့ဆောက် လုပ်ရေးလုပ်ငန်းနဲ့ ညှိနှိုင်းပြီး ဒေသ အတွင်းမှာ   အလုပ်ရုံဆွေးနွေးပွဲ (Workshop) များပြုလုပ်ရန်ရှိကြောင်း သိရပါတယ်။            ဝင်းမြင့်ဦး