Main menu

Background

မန္တလေးတိုင်းဒေသကြီး အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းနဲ့ အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ဖွဲ့စည်း

Thu, 06/07/2012 - 09:41 -- Anonymous (not verified)

         မန္တလေးတိုင်းဒေသကြီး  အဝေး ပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းနဲ့  အလုပ်အမှု ဆောင်အဖွဲ့ကို  မေ ၂၇  ရက်က  Oriental  House ခန်းမမှာ ဖွဲ့စည်း လိုက်ကြောင်း သိရပါတယ်။အခမ်းအနားမှာ  မန္တလေးတိုင်း ဒေသကြီး စီမံကိန်းနဲ့စီးပွားရေးဝန်ကြီးမှ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း ဖွဲ့စည်းရေးအား ဝမ်းသာကြို ဆိုကြောင်း၊ ၂၀၁၅ ခုနှစ်မှာ အာဆီယံရဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှုနယ်မြေကို မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်တော့ မှာဖြစ်တဲ့အတွက် ယခုအသင်းဖွဲ့စည်း ခြင်းနဲ့ အာဆီယံနိုင်ငံများအတွင်း ကုန် စည်ပို့ဆောင်ဖို့  ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ ဆက်လက်ပြီး ပို့ဆောင်ရေးနဲ့ လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးမှ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လွတ်လပ်စွာကုန်သွယ်ခွင့်ပြု ဖို့ ပို့ဆောင်ဆက်သွယ်ရေးယာဉ်ကြီး များနဲ့ ပြည်တွင်းပြည်ပကို နိုင်ငံတကာ စံချိန်စံညွှန်းအညီ ကုန်စည်ပို့ဆောင်ရေး အတွက်  ဝိုင်းဝန်းဆောင်ရွက်သွား စေလိုကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက်  ဗဟိုအဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌမှ  အသင်းဖွဲ့စည်းရ ခြင်းဖြင့် ကုန်စည်ပို့ဆောင်ရေးနဲ့  ကုန် သည်များ၊  လုပ်ငန်းတူချင်း  စုပေါင်း လုပ်ဆောင် ရင်   အောင်မြင်မှုရပြီး၊ စုပေါင်းအကောင်အထည်ဖော်ရမယ့် လုပ်ငန်း၊ သာရေး၊ နာရေး၊ ကျန်းမာရေး ကိစ္စ၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်များ၊  အလုပ်သမားများ အားလုံးအတွက်   လိုအပ်ချက်များ အကောင်အထည်ဖော်ပြီး  ညီနောင် အသင်း များ ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။အခမ်းအနားအစီအစဉ်  ဒုတိယ ပိုင်းမှာ ဗဟိုအဝေးပြေး  ကုန်စည်ပို့ ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌမှ မန္တလေးတိုင်းဒေသ ကြီး အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်း၊ အလုပ်အမှုဆောင် ၂၄ ဦးရဲ့အမည် စာရင်းအား ဖတ်ကြားခဲ့ပါတယ်။ ဇူးဇူး