Main menu

Background

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အဝေးပြေးကုန်စည်ပို့ဆောင်မှုလုပ်ငန်းရှင်များ အသင်းဖွဲ့စည်းမည်

Thu, 06/07/2012 - 09:47 -- Anonymous (not verified)

        တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ အဝေးပြေးကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များအသင်းများ ဖွဲ့စည်းသွားမှာဖြစ် ကြောင်း သိရပါတယ်။ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းကို ယာဉ်မောင်း ယာဉ်နောက်လိုက်နဲ့ ကုန်သည်များ ပဋိပက္ခနည်းပြီး မြန်ဆန်သွက်လက်တဲ့ ရည်မှန်းချက်ကို အထောက်အကူပြုဖို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရပါတယ်။ဗဟိုအဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဗဟိုအသင်းကို ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှာ တရားဝင်ဖွဲ့စည်းခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးမှာ မေ ၂၇ ရက်က စတင်ဖွဲ့စည်းခဲ့ပါတယ်။ မေ  ၂၉ ရက်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊(မြောက်ပိုင်း)နဲ့ (တောင်ပိုင်း)တို့မှာ ဖွဲ့စည်းသွားမှာဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး အဝေးပြေးကုန် စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းဖွဲ့စည်းရေး အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာဖွဲ့စည်းမှာဖြစ်ပါတယ်။ အသင်းကြီးမှ ရည်ရွယ်ချက် ၁၄ ချက်နဲ့ ဆောင်ရွက်ပြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ အချိန်နဲ့တစ်ပြေးညီ ကုန်ရောက်ရှိရေးအတွက် ရှေ့ဆက်ပြီး ရည်ရွယ်ချက်များအတိုင်း ဆောင်ရွက် သွားမှာဖြစ်ကြောင်း သိရပါတယ်။                                                                         ဇူးဇူး