Main menu

Background

သာယာဝတီခရိုင်တွင် အရန်ဆန်အတွက် နွေစပါးများ ဝယ်ယူရရှိနေပြီ

Thu, 06/07/2012 - 09:38 -- Anonymous (not verified)

      နိုင်ငံတော်အရန်ဆန်အတွက် နွေစပါးများဝယ်ယူခြင်းကို သာယာဝတီ ခရိုင်အတွင်းရှိ သာယာဝတီမြို့နယ် သုံးဆယ်၊ အရှေ့သပြေကုန်းရပ်၊ အောင်သုခ ဆန်စက်ဝင်းမှာ အဝယ်စခန်းတစ်ခုဖွင့်ပြီး၊ ရွှေဝါဟင်္သာကုမ္ပဏီမှ ဝယ်ယူ နေခြင်း၊ မင်းလှမြို့နယ် စစ်ကွင်းဒေသ ဆေးရုံလမ်း၊ ပတ်ကားသိုရုံ အမှတ် ၁၁ မှာ အဝယ်စခန်းတစ်ခုဖွင့်ပြီး မင်းလှလယ်ယာထွက်ကုန် ဆန်စပါး အထူးပြုကုမ္ပဏီမှ ဝယ်ယူနေခြင်းနဲ့ ဇီကုန်းမြို့နယ် သစ်နဖါးလမ်း၊ မြင့်သီတာ ဆန်စက်ဝင်းမှာ အဝယ်စခန်းတစ်ခုဖွင့်ပြီး ပြည်ဟိန်းသာကုမ္ပဏီမှ ဝယ်ယူ လျက်ရှိရာ ၂၀၁၂ ခုနှစ် မေ ၂၂ ရက်မှစပြီး ဧည့်မထအုပ်စု စပါးအမျိုးအစား များအား ၄၆ ပေါင် တစ်တင်းကို မနောသုခ၊ ဆင်းသုခ၊ ဆင်းနွယ်ရင်နဲ့ ရတနာတိုး တစ်တင်း ၃၂၀၀ ကျပ်၊ သီးထပ်ရင်နဲ့ ရွှေမြန်မာ MB 9  ၃၁၀၀ ကျပ်ဈေးနဲ့ လက်ခံဝယ်ယူလျက်ရှိပါတယ်။ စပါးအရည်အချင်း သတ်မှတ် ချက်များ ကြေညာပြီး တောင်သူများထံမှ တိုက်ရိုက်လက်ခံဝယ်ယူခဲ့ရာ စပါး တင်းပေါင်း ၁၇၉၈၉ တင်း ဝယ်ယူရရှိနေပြီဖြစ်ကြောင်း သိရပါတယ်။စိုးငြိမ်း