Main menu

Background

တောင်ငူမြို့နယ်မှာ တောင်သူများရဲ့ နှစ်စဉ်စုဆောင်းငွေများ ပြန်လည်ထုတ်ပေး

Thu, 06/07/2012 - 09:52 -- Anonymous (not verified)

       တောင်ငူမြို့နယ်ရှိ တောင်သူများ ဟာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၁-၁၂ မိုးစပါးစိုက်စရိတ် ထုတ် ချေးငွေနဲ့ ၂၀၁၁-၁၂ ဆောင်းသီးနှံချေး ငွေများကို ချေးယူပြီး၊ လယ်ယာလုပ်ငန်း ခွင် ထိရောက်မှန်ကန်စွာ အသုံးပြုနိုင် ခဲ့သလို တစ်ရာသီနှစ်ချင်းဆပ်ချေးငွေ အမျိုးအစားများဖြစ်တဲ့အတွက် သီးနှံပေါ်ချိန် သတ်မှတ်ကာလအတွင်း ပြေကြေအောင် ပြန်လည်ပေး ဆပ်နိုင်ခဲ့ကြ ပါတယ်။မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၁၉၉၃ ခုနှစ်မှစပြီး နှစ်စဉ်စိုက်စရိတ် ချေးငွေများထဲမှ ၅ ရာခိုင်နှုန်းကို ကျေး လက်စုဆောင်းငွေ (Rural  Saving  Deposit)အဖြစ် အတိုးငွေပေးပြီး စု ဆောင်း  အပ်နှံဆောင်ရွက်ပေးခဲ့ပါ တယ်။ပြီးခဲ့တဲ့ စပါးနဲ့  ပဲစိုက်ပျိုးရာသီ အတွင်း သီးနှံအထွက်နှုန်း လျော့နည်း ခြင်း၊ သီးနှံဈေးနှုန်းများ  နိမ့်ကျခြင်းတို့ ကြောင့် တောင်သူများဝင်ငွေ ထိခိုက် သလို ယခုအချိန်ဟာ မိုးစပါး ထွန်ရေး ငင်ချိန်နဲ့ ကျောင်းဖွင့်ရာသီဖြစ်လို့ လယ် သမားများ စရိတ်လိုနေချိန်လဲ ဖြစ်ပါ တယ်။ ဒါကြောင့် ၂၀၁၂-၁၃ မိုးစပါး စိုက်စရိတ် ထုတ်ချေးငွေများ ထုတ်ချေး ဖို့ စီစဉ်ဆောင်ရွက်နေသလို တောင်ငူ မြို့နယ်   မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ ၁၉၉၃ ခုနှစ်မှစပြီး တောင်သူ လယ်သမား  ၅၅၀၀ ခန့်က စုဆောင်းခဲ့ တဲ့ ကျပ်သိန်း  ၃၀၀၀ ကျော်ကို တောင် သူများရဲ့ဆန္ဒအတိုင်း  ပြန်လည်ထုတ် ပေးလျက်ရှိပါတယ်။မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို စုဆောင်းငွေများ  လာရောက်ထုတ် ယူနေတဲ့ ဆူးတပ်ကျေးရွာ တောင်သူ များထဲမှ  လယ်သမားကြီး ဦးဝင်းဦးနဲ့ တွေ့ဆုံခဲ့ရာ "ဒီနှစ်ကတော့ ကျွန်တော် တို့လယ်သမားတွေ သီးနှံဈေး မကောင်း လို့ ငွေကြေးတော်တော်ကျပ်တည်း တဲ့ နှစ်ပါပဲဗျာ။ ဒါပေမယ့် စိုက်စရိတ်စချေး ကတည်းက အစုအဖွဲ့ ဖွဲ့ပြီး ဝိုင်းကြီးချုပ် စနစ်နဲ့ ချေးယူခဲ့ကြတာဆိုတော့ လယ် သမားတစ်ဦးချ င်းတွေ့ကြုံရတဲ့ အခက် အခဲကို ကျန်တဲ့အစုအဖွဲ့က ကူညီပေါင်း စပ်ဖြေရှင်းပေးတဲ့ အလေ့အထကောင်း နဲ့  ဆောင်ရွက် ခဲ့ကြလို့ တောင်ငူမြို့ နယ်ဟာ ပဲခူးတိုင်းဒေသကြီးမှာ မိုးစပါး ချေးငွေရော၊ ဆောင်းသီးနှံချေးငွေမှာ ပထမဆုံးပြေကြေတဲ့  မြို့နယ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် လည်း  ခုလိုလယ်သမား  ချွေတာစု ဆောင်းငွေတွေကို တောင်ငူမြို့နယ်က ပဲခူးတိုင်းဒေသကြီးမှာ  ဦးဦးဖျားဖျား ထုတ်ယူနိုင်တာဖြစ်သလို တောင်သူ တစ်ဦးချင်း ပျမ်းမျှ ကျပ် ငါးသောင်း ကျော်လောက်ရကြပါတယ်။ သိပ်မများ ဘူးဆိုပေမယ့် သိပ်လဲ မနည်းပါဘူး။ လယ်သမားတွေတကယ်အသုံးလိုတဲ့ နှစ်၊ တကယ်အသုံးလိုတဲ့ အချိန်မှာ ကိုယ်စုဆောင်းေ ငွတွေ  ပြန်ပေါ်လာ တာဖြစ်လို့ လယ်သမားအားလုံးက ဝမ်း လဲသာ၊ ကျေးဇူးလည်းတင်ကြတယ် " လို့ ပြောကြားသွားပါတယ်။ TTွှွှ