Main menu

Background

ကော်ဖီဈေးနှုန်း မြင့်မားလာသဖြင့် နိုင်ငံအချို့ ကော်ဖီသောက်သုံးမှုနှုန်း ကျဆင်းနေ

Thu, 06/07/2012 - 09:58 -- Anonymous (not verified)

     ကမ္ဘာတစ်လွှား ကော်ဖီယဉ်ကျေးမှု ပြန့်ပွားလာတာနဲ့အမျှ ကမ္ဘာ့ကော်ဖီ သောက်သုံးမှုပမာဏက နှစ်စဉ်မြင့်မားလျက်ရှိတယ် လို့ နိုင်ငံတကာကော်ဖီအသင်း (International Coffee Organization-ICO)  က ပြောကြားခဲ့တယ်။ ၂၀၁၁ အတွင်း ကမ္ဘာ့ကော်ဖီသောက်သုံးမှုက ၁ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ဖွယ်ရှိပြီး ၆၀ ကီလိုရှိ အိတ်ပေါင်း ၁၃၇ ဒသမ ၉ သန်း သုံးစွဲခဲ့ဖွယ် ရှိကြောင်း၊  ၂၀၁၀ ခုနှစ်အတွင်း အိတ်ပေါင်း ၁၃၅ ဒသမ ၆ သန်းသုံးစွဲခဲ့ကြောင်း ICO   က ထုတ် ပြန်ခဲ့တယ်။ အဓိကမှာ ကော်ဖီတင်ပို့ တဲ့နိုင်ငံတွေနဲ့ စီးပွားရေးထွန်းသစ်စနိုင်ငံတွေ မှာ ကော်ဖီသုံးစွဲမှုမြင့်မားလာခြင်းကြောင့် ကမ္ဘာ့ကော်ဖီဝယ်လို အား နှစ်စဉ်တိုး တက်လာခြင်း ဖြစ်တယ်။ ဒါပေမဲ့လည်း အချို့နိုင်ငံတွေမှာ ကော်ဖီသောက်သုံးမှု လျော့ကျသွားလျက် ရှိတယ်။ ရိုးရာဈေးကွက်ကြီးတွေဖြစ်ကြတဲ့ စပိန်(၂ ဒသမ ၆ ရာခိုင်နှုန်း) နဲ့ အီတလီ (၁ ဒသမ ၈ ရာခိုင်နှုန်း) တို့လို ဥရောပတောင်ပိုင်း နိုင်ငံတွေမှာ ကော်ဖီသောက်သုံးမှု လျော့ကျသွားတယ်လိ့ု ICO   က ဖော်ပြထားတယ်။ ကော်ဖီသောက်သုံးမှု သိသိသာ သာကျဆင်းသွားတဲ့ စီးပွားရေးထွန်းသစ်စနိုင်ငံတွေမှာ ကိုရီးယား (၁၇ ဒသမ ၁ ရာခိုင်နှုန်း) ၊ အယ်လ်ဂျီးရီးယား (၁၁ ဒသမ ၅ ရာခိုင်နှုန်း) နဲ့ ယူကရိန်း (၁၀ ဒသမ ၈ ရာခိုင်နှုန်း) တို့ဖြစ်ကြတယ်။ ကော်ဖီ ဈေးနှုန်းမြင့် မားခြင်းက သောက်သုံးမှု ပမာဏကို လျော့ကျစေခြင်းဖြစ်တယ်လိ့ု ICO   က ထောက်ပြထားတယ်။Source:thehindubusinessline.com,ပပ