Main menu

Background

ဗီယက်နမ်မှ ကန်ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိ သီဟိုဠ်စေ့များ ပြည်ပသို့တင်ပို့ရန် စာချုပ်ချုပ်ဆိုနိုင်

Thu, 06/07/2012 - 10:01 -- Anonymous (not verified)

      မေ ၃၀ ရက်က ဗီယက်နမ်နိုင်ငံ Nha Trang မှာ ကျင်းပပြုလုပ်တဲ့ စက်မှုကွန်ဖရင့်မှာ ကန်ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိတဲ့  သီဟိုဠ်စေ့များ တင်ပို့ရန် စာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့ ဆိုင်ဂုံတိုင်း သတင်းစဉ်က ထုတ်ပြန်ခဲ့ပါ တယ်။ ဗီယက်နမ်  သီဟိုဠ်စေ့အသင်းက ကြီးမှူးကျင်းပတဲ့ ကွန်ဖရင့်မှာ Tanimex Long Co, Dongnai Export Import Processing   Agricultural Products & Food Co. တို့လည်း သီဟိုဠ်စေ့တင်ပို့ရန် စာချုပ်ချုပ်ဆိုရာမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဒုတိယနှင့် တတိယ  လေးလပတ်ကာလများတွင် စတင်တင်ပို့ရန် လျာထားတယ်လို့ သိရ ပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လနှင့် ၂၀၁၂ ခုနှစ် ပထမလေးလပတ် ကာလများမှာ ဗီယက်နမ်မှ သီဟိုဠ်စေ့ တင်ပို့မှုဟာ ငြိမ်သက်ခဲ့ပြီး ပထမလေး လပတ်ကာလမှာ  သီဟိုဠ်စေ့ဈေးဟာ ယမန်နှစ်ကာလတူထက် ၅ ရာခိုင်နှုန်း ခန့် လျော့ကျခဲ့ပါတယ်။ သြစတြေးလျ သီဟိုဠ်အသင်း အကြီးအကဲဖြစ်သူ  John Waring က ဗီယက်နမ်နိုင်ငံဟာ  သီဟိုဠ်သီးနှံဈေး ကွက် တိုးမြှင့်မှုရရှိရေးကို အလေးထား ဆောင်ရွက်မှုမရှိဘူးလို့ ဝေဖန်ထောက် ပြခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံကို လက် ရှိမှာ နိုင်ငံခြားသားဧည့်သည် ခရီးသွား သုံးသန်း လာရောက်လျက်ရှိပြီး လာမဲ့ နှစ်များမှာနှစ်ဆကျော် တိုးမြင့်လာမယ် လို့မျှော်မှန်းထားပါတယ်။ အဆိုပါ နိုင်ငံ ခြားသားဧည့်ခရီးသွားများအား သွား လာလည်ပတ်မဲ့နေရာများမှာ အရည် အသွေးမြင့်မားကောင်းမွန်တဲ့ သီဟိုဠ်စေ့ များကို  ခင်းကျင်းပြသ  ရောင်းချနိုင် အောင် စီစဉ်ထားသင့်တယ်လို့ ကျွမ်း ကျင်သူများက အကြံပြု ပြောကြားခဲ့ပါ တယ်။နိုင်ငံတကာမှာ ဗီယက်နမ်သီဟိုဠ် စေ့ဟာ   နာမည်ရပြီးဖြစ်တဲ့အတွက် နိုင်ငံအတော်များများဟာ ၎င်းတို့နိုင်ငံ ထွက်  သီဟိုဠ်စေ့များကို ဗီယက်နမ် သီဟိုဠ်စေ့အဖြစ် အယောင်ဆောင် ထုတ်လုပ်နေကြတဲ့အတွက် မိမိကုန် အမှတ်တံဆိပ်ကို သေသေချာချာ တပ် ထုတ်လုပ်ဖို့  လိုအပ်တယ်လို့လည်း အကြံပြုကြပါတယ်။  ှSource:thesaigontimess                                                                                                  KK