Main menu

Background

တစ်ပတ်အတွင်း သတင်းတိုများ

Thu, 06/07/2012 - 10:05 -- Anonymous (not verified)

    နေပြည်တော်အသင်းသည် ဇွဲကပင်ယူနိုက်တက်အသင်းကို ဒုတိယအကျော့ပွဲ ဦးထွက်ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့်အတွက် အဝေးရောက်ပရိသတ်တစ်ဦးက ဆုကြေးငွေကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်ခဲ့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တစ်စုံတစ်ရာစစ်ဆေးမေးမြန်းမှုများပြုလုပ်ရန်အစီအစဉ် မရှိကြောင်း သိရသည်။    အေစီအီးဖူဆယ်အသင်းသည် MFF AYA Futsal Cup 2012  ပြိုင်ပွဲ အုပ်စု (ဂ)၏ အဖွင့်ပွဲစဉ်အဖြစ် 41 မဟာဖူဆယ်အသင်းနှင့် ပွဲဦးထွက်ယှဉ်ပြိုင်ကစားခဲ့ ရာ ၁၃ဂိုး ၂ဂိုးဖြင့် အေစီအီးအသင်းမှ အနိုင်ရရှိခဲ့ကြောင်းသိရသည်။    အေအက်ဖ်စီ ယူ-၂၂ပွဲစဉ်ယှဉ်ပြိုင်ကစားရမည့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းသည် ပြိုင်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်မှုအနေဖြင့် ထိုင်းနိုင်ငံသို့သွား ရောက်၍ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။    အေအက်ဖ်စီ ယူ-၂၂ပွဲစဉ်များကို လာမည့်ဇွန်လ ၂၃ရက်နေ့တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည်ဖြစ်ရာ ယင်းနေ့မတိုင်မီ ရန်ကုန်မြို့ ရှိ အောင်ဆန်းကစားပြိုင်ဝင်းနှင့် သုဝဏ္ဏလူငယ်အားကစားလေ့ကျင့်ရေး စခန်း ဘောလုံးကွင်းတို့ ကို ပြုပြင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။    မြန်မာနေရှင်နယ်လိဂ် လူငယ်ပြိုင်ပွဲ ၂၀၁၂တွင် ချန်ပီယံဆုရယူရန်ရည်မှန်း ထားသည့် ရန်ကုန်ယူနိုက်တက်လူငယ်အသင်းသည် မနောမြေအသင်းအား  ၂-၁ဂိုးဖြင့်အရေးနိမ့်ခဲ့ကြောင်း သိရသည်။    ၂၀၁၂ခုနှစ် လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင် မြားပစ်၊ သေနတ်ပစ်၊ အနောက်တိုင်း လှေလှော်နှင့်ပြေးခုန်ပစ် အားကစားနည်း လေးမျိုးမှ အားကစားသမား ငါးဦး ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။    ရန်ကုန်ယူနိုက်တက်အသင်းသည် အသင်း၏နည်းပြနေရာအတွက် ယာယီ တာဝန်ယူထားသည့်ဦးတင်မောင်ထွန်း၏နေရာ တွင်မြန်မာ့လက်ရွေးစင်နည်းပြ ချုပ်ဟောင်း အိုင်ဗန်ကိုလက်ဗ်ကိုငါးလစာချုပ်ဖြင့်ခေါ်ယူခဲ့ကြောင်းသိရသည်။