Main menu

Background

တစ်ပတ်အတွင်း အားကစားသတင်းတိုများ

Thu, 06/07/2012 - 10:07 -- Anonymous (not verified)

    အင်္ဂလန်အသင်းသည် ယူရို ၂၀၁၂ပြိုင်ပွဲတွင် ဝတ်ဆင်နေကြ အနီရောင်ဝတ် စုံကို ဝတ်ဆင်၍ ယှဉ်ပြိုင်မည်မဟုတ်ဘဲ တတိယဦးစားပေးဖြစ်သည့် အပြာ ရောင်ကိုဝတ်ဆင်၍ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။    ထိုင်းနိုင်ငံကုန်သွယ်မှုသုံးသပ်ခန့်မှန်းဌာနမှ ဒါရိုက်တာ သာနာဝတ်ဖွန်ဝီချိုင်းက လာမည့်ယူရို ၂၀၁၂ပြိုင်ပွဲကာလအတွင်း ထိုင်းနိုင်ငံတစ်ဝန်းတွင်လောင်းကစား  မှုများ ပိုမိုမြင့်မားလာဖွယ်ရှိကြောင်း သုံးသပ်ပြောဆိုလိုက်သည်။    ချက်လက်ရွေးစင်အသင်းသည် ယူရိုပူးတွဲအိမ်ရှင် ပိုလန်နိုင်ငံ၌ အသင်းသား များအတွက် တည်းခိုခန်းများအား ဘေးကင်းမှုရှိမရှိကို သိရှိနိုင်ရန်အတွက် စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို ကြိုတင်စေလွှွတ်ခဲ့ကြောင်း သိရသည်။    မန်စီတီးကွင်းလယ်ကစားသမား အင်္ဂလန်လက်ရွေးစင် ဂါရက်ဘယ်လီသည် ကြွက်သားဒဏ်ရာပြဿနာကြောင့် ယူရို ၂၀၁၂ပြိုင်ပွဲနှင့်လွဲချော်ရတော့မည် ဖြစ်သည်။    လာမည့်ယူရိုပြိုင်ပွဲတွင် ဗိုလ်စွဲရန်ရေပန်းစားသည့်အသင်းများတွင် ပေါ်တူဂီ  အသင်းမပါဝင်ခြင်းက ပေါ်တူဂီအသင်းအတွက် ဖိအားနည်းပါးစေပြီး ရလဒ် ကောင်းရန် အခြေအနေပေးနေကြောင်း ပေါ်တူဂီတောင်ပံတိုက်စစ်မှူး ရော် နယ်ဒိုက ပြောကြားလိုက်သည်။    မန်ချက်စတာယူနိုက်တက်အသင်းသည် ဒေါ့မွန်အသင်းတွင်ခြေစွမ်းပြကစား နေသည့် ဂျပန်ကွင်းလယ်ကစားသမား ရှင်ဂျီကာဂါဝါ အား ပေါင် ၁၇သန်း ဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း သိရသည်။    စပိန်နှင့်ကစားခဲ့သည့်ခြေစမ်းပွဲမတိုင်မီ အမျိုးသားသီချင်းဆိုရန်ငြင်းဆိုခဲ့သည့် ကွင်းလယ်လူ အဒမ်လာဂျစ်အား ဆားဘီးယားလက်ရွေးစင်အသင်းနည်းပြ မီဟိုင်းလိုဗစ်ချ်က ထုတ်ပယ်လိုက်ကြောင်းသိရသည်။    ချဲလ်ဆီးအသင်းသည် လိုင်လီကွင်းလယ်တိုက်စစ်သမား အီဒင်ဟာဒက်အား ၎င်းင်းတောင်းဆိုထားသည့် ပြောင်းရွှေ့ကြေးပေါင် ၃၂သန်း၊ တစ်ပတ်လုပ်ခ အခွန်လွတ် ပေါင် ၁၇၀၀၀၀ဖြင့် ခေါ်ယူခဲ့ကြောင်း သိရသည်။    ရိုးမားအသင်းသည် လစ်လပ်လျက်ရှိသည့်နည်းပြနေရာတွင် မာလာဂါနည်းပြ မန်နျူရယ်ပယ်လီဂရီနီအား ချဉ်းကပ်လျက်ရှိကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူ ကထုတ်ဖော်ပြောကြားခဲ့သည်။