Main menu

Background

သြဂုတ်လမှမတ်လအတွင်း နယ်စပ်မှ မင်းဂွတ်သီးတင်သွင်းနိုင်ပြီ

Thu, 06/07/2012 - 10:09 -- Anonymous (not verified)

         ယခင်ကာလများမှာ ပြည်ပမှ သစ်သီးအစို တင်သွင်းခွင့်ကို ကန့်သတ်ပိတ်ပင်ထားရာမှ ၂၀၀၆ ခုနှစ် နှောင်းပိုင်းကစပြီး နယ်စပ်မှ သစ်သီးဝလံ တင်သွင်းခွင့်များကို အချိန်ကန့်သတ်ချက်များနဲ့ ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။ယခုလည်း မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်  ထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်းရဲ့ ထောက်ခံတင်ပြချက်ချက် အရ  သြဂုတ်လမှမတ်လအထိကာလအတွင်းမှာ မြန်မာ နိုင်ငံမှာ ထွက်ရှိခြင်းမရှိတဲ့ မင်းဂွတ်သီးများအား ပုံမှန်ကုန်သွယ်မှုနည်းလမ်းနဲ့ရော နယ်စပ်ကုန်သွယ် မှုနည်းလမ်းနဲ့ပါ နယ်စပ်မှ တင်သွင်းခွင့်ပြုလိုက် ပြီလို့ သိရပါတယ်။နယ်စပ်မှ ပန်းသီး၊ ချယ်ရီသီး၊ သစ်တော်သီး၊ စပျစ်သီး၊  စွန်ပလွန်သီး၊  မန်ကျည်း အချိုသီး၊ ပျားလိမ္မော်၊ ဒူးရင်းသီး၊ တယ်သီး၊ သလဲသီး၊ နဂါး မောက်သီး၊ ဆန်းကစ်နဲ့ ကြက်မောက်သီးများကို သတ်မှတ်ကာလများနဲ့  တင်သွင်းခွင့်ပြုထားပြီး ဖြစ်ပါတယ်။ Source: နကသ (ဦး) သွင်းကုန်MIRT (DOBT)