Main menu

Background

ငွေကြေးစီးဆင်းမှု ကောင်းမွန်လာပြီဖြစ်လို့ ကုန်သွယ်မှုတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဓညဝတီကုမ္ပဏီဒါရိုက်တာကပြော

Thu, 06/07/2012 - 10:09 -- Anonymous (not verified)

      စစ်တွေနယ်စပ်ကုန်သွယ်ရေးအနေနဲ့ယခင်က တစ်ဖက်နိုင်ငံနဲ့ ကုန်သွယ်မှုပြုရာမှာ ဘဏ်ကိစ္စ များကို မောင်တောမှတစ်ဆင့် တစ်ဖက်နိုင်ငံရှိ ဆိုနာလီဘဏ်နဲ့ ပြုလုပ်ခဲ့ရပါတယ်။ ယခုအခါမှာ တော့ ဆိုနာလီဘဏ်နဲ့ စစ်တွေဘဏ်တို့ တိုက်ရိုက် ချိတ်ဆက်ေ ဆာင်ရွက်နိုင်ပြီဖြစ်လို့ဘဏ်စနစ်ကောင်း မွန်လာပြီဖြစ်ပါတယ်။ဒါ့အပြင် ကမ္ဘောဇဘဏ် ဟာ နိုင်ငံခြားငွေကိုင်တွယ်လို့ ရပြီဖြစ်လို့ MICB ဘဏ်ကိုသွားရန်မလိုတော့တဲ့အတွက် ငွေကြေး စီးဆင်းမှု ကောင်းမွန်လာနေပြီး စစ်တွေနယ်စပ် ကုန်သွယ်မှုတိုးတက်ရေး ဆက်လက်ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်သွားကြမယ်လို့  ဓညဝတီကုမ္ပဏီ ဒါရိုက်တာ ဦးအောင်အောင်က မေ ၂၃ ရက်က ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း အစည်းအဝေးခန်းမမှာကျင်းပတဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ပြော ကြားခဲ့တာ ဖြစ်ပါတယ်။   ှSource: နကသ(စစ်တွေ) MIRT (DOBT)