Main menu

Background

ဧရာဝတီစိမ်းလန်းမြေဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ စတုတ္ထအကြိမ်မြောက် မျိုးပံ့ပိုးငွေနှင့် ဓာတ်မြေသြဇာပေးအပ်ပွဲ အခမ်းအနားကျင်းပ

Thu, 06/07/2012 - 10:10 -- Anonymous (not verified)

           ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှာ မေ ၃၁ ရက် နံနက်ပိုင်း ချမ်းမြေ့စံခန်းမမှာ ဧရာဝတီစိမ်းလန်းမြေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ  တောင် သူများကို စတုတ္ထအကြိမ်မြောက် ၂၀၁၂/၂၀၁၃ ခုနှစ် မိုးစပါးရာသီအတွက် မျိုးပံ့ပိုးငွေနဲ့ ဓာတ် မြေသြဇာ များ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ထိုအခမ်းအနားကို ဖျာပုံခရိုင် အုပ်ချုပ်ရေး မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ ခရိုင်မန်နေဂျာ၊ မြန်မာ့ စိုက် ပျိုးရေး မြို့နယ်မန်နေဂျာနဲ့  အထူးပြုကုမ္ပဏီမှ ဒါရိုက်တာများ၊ တောင်သူများ စုစုပေါင်း ၅၀၀ ကျော်ခန့်တက်ရောက်ကြတယ်လို့ သိရပါတယ်။"တက်ရောက်လာကြတဲ့   တောင်သူများကို မျိုးသန့်ပေါ်ဆန်းစပါး တစ်တင်းကို ကျပ် ၉၀၀၀ နှုန်းနဲ့ တင်း ၃၃၀၀ ကို ဖြန့်ဖြူးပေးပြီး၊ ဆင်းသွယ် လတ် တစ်တင်း ကျပ် ၆၀၀၀၊ သီးထပ်ရင် ကျပ် ၅၀၀၀ နှုန်းနဲ့ မျိုးသန့်စပါးများကိုလည်း  တောင်သူ များ မျိုးအတွက် အခက်အခဲမရှိအောင် အလွတ် တန်း ရောင်းချပေးပါတယ်။ ဒါ့အပြင် သွင်းအားစု အနေနဲ့  မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းထုတ် ပုလဲဓာတ်မြေသြဇာ တစ်အိတ်ကို ကျပ် ၁၆၅၀၀၊ အိန္ဒိယနိုင်ငံထုတ် ပိုတက်ရှ် ကျပ် ၂၃၃၀၀၊ တရုတ် နိုင်ငံထုတ် တီစူပါ ကျပ် ၂၃၂၀၀ နှုန်းတွေနဲ့ ရောင်း ချပေးကြောင်း ဆန်စပါးအထူးပြုကုမ္ပဏီ ဒါရိုက် တာ ဦးကျော်ဝင်းသန်းက ပြောပါတယ်။ယခုနှစ်  မိုးစပါးရာသီအတွက် လယ်တစ်ဧက ကို ကျပ် ၃၅၀၀၀ နှုန်းနဲ့  တောင်သူ ၅၁၀ ဦး၊ ကျေးရွာ ၃၃ ရွာ လယ်ဧက ၁၂၀၀၀ အတွက်  ပံ့ပိုးငွေ ပေါင်းသိန်း ၄၅၀၀ ကျပ်အား ဒါရိုက်တာ ဦးမြင့်သိန်းက ပေးအပ်ခဲ့ပြီး တက်ရောက်လာကြ သူများအားလုံးကို  ရေသန့်ဘူးနဲ့ ကြက်သားထော ပတ်ထမင်းဘူးများကမ်းကာ   ဧည့်ခံခဲ့ကြတယ်လို့ သိရပါတယ်။မင်းဇော်မွန်