Main menu

Background

အတွေ့အကြုံမရှိတဲ့ အတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမှာ ဗီယက်နမ် ကော်ဖီတင်ပို့သူတွေအရှုံးပေါ်

Thu, 06/07/2012 - 10:12 -- Anonymous (not verified)

    အနာဂတ်ကုန်စည် ကြိုပွိုင့်ပဋိဉာဉ် စာချုပ်တွေ ချုပ် ဆိုရာမှာ အတွေ့အကြုံမရှိမှုနဲ့ ကမ္ဘာ့ဈေးကွက်အတွင်း ကော်ဖီ ရောင်းချရာမှာ ကုန်သွယ်ရေး လုပ်ဆောင်မှု  (transactions )  တွေပြုလုပ်ရာမှာ အတွေ့အကြုံနည်း မှုတို့ကြောင့် ဗီယက်နမ်ကော်ဖီတင်သွင်းသူတွေ အဓိကဆုံး ရှုံးမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။    ဗီယက်နမ်နိုင်ငံက ကမ္ဘာ့မှာ ကော်ဖီထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပေမဲ့ တစ်ချိန်လုံးမတည်မငြိမ် ဖြစ်နေတဲ့ ကော်ဖီဈေးကွက်ကို ထိန်းချုပ်နိုင်တဲ့စွမ်းအား မရှိခဲ့ ကြောင်း ဗီယက်နမ်ကော်ဖီနဲ့ ကိုကိုးအသင်း ဥက္ကဌ သောင်ဗန်တူက ပြောပါတယ်။    ကော်ဖီ ရောင်းဝယ်မှု လုပ်ဆောင်ချက်ရဲ့ ၉၇ ရာခိုင်နှုန်းက စာရွက်စာတမ်းနဲ့သာပြုလုပ်တာဖြစ်ပါတယ်။ ဗီယက်နမ် စီးပွားရေးလုပ်ငန်းအများအပြားမှာ ဥပဒေ အကြံပေးတွေ မရှိပါဘူး။ စီးပွားရေးလုပ်ငန်းရှင်အတော် များများကလည်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကို ဆောင်ရွက်တတ်တဲ့ အတွေ့အကြုံမရှိပါဘူး။ လုပ်ငန်းရှင် ကြီးတွေအများစုကလည်း ဈေးကွက်ထဲမှာနှစ်အတန်ကြာ ယက်ကန်ယက်ကန်ကူးခတ်ပြီးမှ တခြားစီးပွားရေး လုပ်ငန်းတွေဘက်ကို ကူးသွားတတ်ကြပါတယ်။ လန်ဒန်နဲ့ နယူးယောက်ဈေး ကွက်ကြီးတွေက သူတို့ဆီ ဝင်နေကြတဲ့ စီးပွားရေးသမား အများစုကို အမြဲတမ်းဈေးနှိမ်ထား တတ် ပါတယ်။ နိုင်ငံခြား ကုန်သွယ်ဖက်တွေက ဗီယက်နမ်ထုတ် ကုန်တွေကို အမြဲတမ်းအဆင့်အတန်းချပြီး ဈေးနှိမ်တတ် ပါတယ်။ အကြောင်း အရင်းကတော့ ဗီယက်နမ်စီးပွားရေး သမားတွေက ကုန်သွယ်ရေးခွင်မှာ ဆောင်ရွက်နေတဲ့ နည်း ဥပဒေ စည်းမျဉ်းတွေနဲ့ ဈေးနှုန်း အတက်အကျ နား မလည်လို့ ဖြစ်ကြောင်း ကော်ဖီကျွမ်းကျင်သူ ဖန်ခန်ဟစ်က ပြောပါတယ်။    ဒါပေမဲ့ ကော်ဖီစစ်ဆေးရေးကုမ္ပဏီ ကဖီးကွန်ထရိုးရဲ့ ညွှန်ကြားရေးမှူးချုပ် ငုယင်းနမ်ဟိုင်းက ဗီယက်နမ် ကော်ဖီ ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ စွမ်းရည်ကို အကောင်းမြင်တတ်ပါ တယ်။ ဗီယက်နမ် ကော်ဖီလုပ်ငန်းရှင်တွေက ကော်ဖီ ဈေးကွက်သို့ စီးပွားရေးလုပ်ငန်းဆန်တဲ့ ချဉ်းကပ်မှုတွေနဲ့ ချဉ်းကပ်လာနေပြီလို့သူကပြောပါတယ်။ အင်တီမက် ကုမ္ပဏီနဲ့ စီမက်ကိုကုမ္ပဏီေ တွမှာ ကော်ဖီတွေကို ကမ္ဘာ့ ဈေးကွက်ကို တိုက်ရိုက်တင်ပို့အောင် လေ့ကျင့်ထားတဲ့ ဝန်ထမ်းတွေရှိတယ်။ ကြားပွဲစားမ လိုတော့ဘူးလို့ ဆိုပါ တယ်။ ဒီလိုဆောင်ရွက်လို့ ဈေးကောင်းရပြီး ကမ္ဘာ့ဈေး အတက်အကျကို  ဗီယက်နမ်လုပ်ငန်းရှင်တွေ  သိပ် မကြောက်ရတော့ဘူးလို့ ဆိုပါတယ်။Source.vietnamnet.vn