Main menu

Background

တရုတ်ဂျပန် တိုက်ရိုက်ငွေကြေး ကုန်သွယ်မှုစတင်

Thu, 06/07/2012 - 10:15 -- Anonymous (not verified)

    တရုတ်နဲ့ ဂျပန်နိုင်ငံတို့က ဇွန် ၁ ရက်ကစပြီး ငွေကြေးတိုက်ရိုက်ကုန်သွယ်မှုကို စတင်ခဲ့ပါတယ်။ယခုလှုပ်ရှားမှုကတစ်စစ ကြီးထွားနေတဲ့စီးပွားရေးထိုးနှက်ချက်ကို ဖြေ ရှင်းနိုင်ဖို့ယွမ်ငွေကြေးခရီးလမ်းမှာ တရုတ်နိုင်ငံက ခြေတစ်လှမ်းကို စတင်လိုက်တာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ပါဝင် လှုပ်ရှားနေသူတွေက ဒေါ်လာကို ကြားခံအနေနဲ့ ထားနေစရာမလိုဘဲ တရုတ်ယွမ်နဲ့ ဂျပန်ယန်းကို တိုက်ရိုက်ဖလှယ်နိုင်တော့မှာ ဖြစ် ပါတယ်။ ဒါကြောင့် နိုင်ငံခြားကုန်သွယ်မှု ငွေပေးချေရာမှာ ပိုမိုအဆင်ပြေပြီး ကုန်ကျ စရိတ်တွေလည်း လျော့ကျလာမှာ ဖြစ်ပါတယ်။    ဒေါ်လာနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ရည်ရွယ်ပြီးယွမ်ကိုလွတ်လွတ်လပ်လပ် ဖလှယ် နိုင်အောင်တရုတ်က တစ်စစကြိုးပမ်းဆောင်ရွက်လာ ချိန်မှာ ယခုကဲ့သို့ လှုပ်ရှားဆောင် ရွက်မှုကို အကောင်အထည်ဖော်လာခြင်းဖြ စ်ကြောင်း လေ့လာဆန်းစစ်သူတွေ က ပြောပါတယ်။ ေ ငွကြေးတွေဈေးကစားပြီး စီးဝင်လာမှာကို စိုးရိမ်တဲ့အတွက် တရုတ် နိုင်ငံက ငွေလုံးငွေရင်းစာရင်းမှာ ဖလှယ်လို့မရနိုင် တဲ့ ငွေကြေးရဲ့တန်ဖိုးကို တရုတ် နိုင်ငံက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စု နဲ့ ကာလရှည်ကြာစွာ တင်းမာမှုတွေ ဖြစ်ခဲ့ရပါတယ်။    "ယွမ်-ယန်း တိုက်ရိုက်ရောင်းဝယ်တာက ယွမ်ကိုအရန်ငွေကြေးဖြစ်အောင် ကြိုးပမ်းရာမှာ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုပဲရှိပါသေးတယ်။ အရေးအကြီးဆုံးက တရုတ်နိုင်ငံကအနာဂတ်ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့ အချက်ပဲဖြစ်ပါတယ်'' ဟု နိုမူရာအာမခံလုပ်ငန်းမှ တရုတ်စီးပွားရေးပညာရှင် ချန်ဇီေ၀ ကပြောပါတယ်။ တရုတ်နိုင်ငံက နေ့စဉ် mid  point  ဖလှယ်နှုန်းကို ဇွန် ၁ ရက်က ယန်း ၁၀၀ ကို ၈ ဒသမ ၀၆၈၆ ယွမ်နှုန်းထားပေးပါတယ်။မေ ၃၁ ရက်က ရှိခဲ့တဲ့ ၈ ဒသမ ၀၂၉၃ ယွမ်နှုန်းကနေ လျှော့ချပေးခဲ့တာ ဖြစ်ကြောင်း တရုတ်အမျိုးသား ငွေကြေးဈေးကွက်ကို ထိန်းကျောင်းလည်ပတ်နေသူ တရုတ်နိုင်ငံခြားငွေဖလှယ်ရေး ဌာနက ပြောပါတယ်။    တရုတ်ဈေးကွက်မှာ ယန်း ၁၀၀ ကို ၈ ဒသမ ၁၀၇၄ ယွမ်နှုန်းနဲ့ ဈေး စဖွင့်ခဲ့ တယ်လို့ ဝယ်ရောင်းသမားတွေက ပြောပါတယ်။ တရုတ်ယွမ်ငွေတန်ဖိုးကို ဗဟို သတ်မှတ်နှုန်းရဲ့အထက်အောက် ၃ ရာခိုင်နှုန်း အတွင်းမှာ အတက်အကျရှိခွင့် ပေး ထားပါကြောင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။    ဈေးနှုန်းခွင်ကို တရုတ်အစိုးရကလူသိရှင်ကြား ကြေညာမပေးပါဘူး။ ပထမဆုံး အနေနဲ့ ဈေးနှုန်းသတ်မှတ်ရာမှာ အမေရိကန်ဒေါ်လာကို အခြေခံအဖြစ်မထားဘဲ ဈေးကွက်တွင်ပါဝင်သူတို့ထဲမှ တိုက်ရိုက်အခြေခံသတ်မှတ် ကြောင်း ဈေးကွက်ကြီး ကြပ်လည်ပတ်သူတွေ က ပြောပါတယ်။    ယွမ်ငွေက ပြည်ပမှာ လွတ်လပ်စွာရောင်းဝယ်ခွင့် ရှိပါတယ်။ ဒါကြောင့် ရောင်း ဝယ်ခွင့်ကို တိုကျို ကုန်ဖလှယ်မှုဈေးကွက်မှာ ကန့်သတ်လို့မရပါဘူး။ စောစောပိုင်း တိုကျိုဈေးကွက်မှာ တစ်ယွမ်ကို ၁၂ ဒသမ ၃၃၅ ယန်းနှုန်းရှိခဲ့ပါတယ်။ တရုတ်ဈေး ကွက်နဲ့ ဂျပန်ဈေးကွက်မှာဖြစ်နေတဲ့ နှုန်းတွေက အစမှာတူညီမှုမရှိနိုင်ပေမဲ့ လျင်မြန် စွာ ပေါင်းစည်းညှိနှိုင်းသွားမှာ ဖြစ်ကြောင်း တိုကျိုကကုန်သည်တွေက ပြောပါတယ်။Source.AFP