Main menu

Background

ယူရိုဇုန်ကထွက်ရင် ဂရိဝင်ငွေ ၅၅ ရာခိုင်နှုန်း ကျဆင်းနိုင်

Thu, 06/07/2012 - 10:19 -- Anonymous (not verified)

    ဂရိနိုင်ငံက ယူရိုဇုန်က စွန့်ခွာမယ်ဆိုရင် ဂရိနိုင်ငံ သားတွေရဲ့ လက်ရှိ တစ်ဦးချင်းဝင်ငွေက ၅၅ ရာခိုင်နှုန်း ခန့် ကျဆင်းနိုင်ကြောင်း ဂရိအမျိုးသားဘဏ် ( NBG) က အေသင်မြို့မှာ မေ၂၉ ရက်က ပြောပါတယ်။    တင်သွင်းလာတဲ့ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်း ထူးထူး ခြားခြားမြင့်တက်မှုကြောင့် အလုပ်လက်မဲ့နှုန်းက ၃၄ ရာခိုင်နှုန်း နဲ့ ငွေကြေးဖောင်းပွမှုနှုန်းက  ၃၀ ရာခိုင်နှုန်း ကျနိုင်ကြောင်း သတိပေးထားပါတယ်။ ငွေကြေးပေးဆပ်ဖို့ ပရမ်းပတာ ပျက်ကွက်မှုနဲ့အတူ ၂၀၀၉ ခုနှစ်နှောင်းပိုင်း ကာလကမှ စတင်ပြီး ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ ကြွေးမြီ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ခြိုးခြံချွေတာရေး အစီအစဉ်ကို နှစ်နှစ်ဆောင်ရွက်ခဲ့ပြီးတဲ့နောက် ဂရိလူမျိုး တွေရဲ့ ပျမ်းမျှဝင်ငွေ ၂၅ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ပါတယ်။    ၂၀၀၉ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ စီးပွား ဆုတ်ကပ်က ၁၄ ရာခိုင်နှုန်း ငွေကြေးဖောင်းပွမှုက ၂ ရာခိုင်နှုန်း အလုပ်လက်မဲ့နှုန်းက ၂၀ ရာခိုင်နှုန်းကျော် တိုး တက်ခဲ့ပါတယ်။ တကယ်လို့ ယူရိုဇုန်ထွက်ပြီးငွေကြေးသစ် တစ်ခုခုကိုသတ်မှတ်မယ်ဆိုရင် ငွေကြေးက ၆၅ ရာခိုင်နှုန်း တန်ဖိုးကျနိုင်တယ်လို့  NBG က လေ့လာ ဆန်းစစ်ရေးမှူး တွေကပြောပါတယ်။    ဂရိနိုင်ငံကြွေးဆပ်ဖို့ပျက်ကွက်မှုမဖြစ်အောင် ၂၀၁၀ ပြည့်နှစ်မေက ယူရိုကယ်တင်ငွေအစီအစဉ်အဖြစ် ယူရို ဘီလီယံပေါင်းများစွာ ဂရိနိုင်ငံကိုပေးခဲ့တဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ၊ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေ အဖွဲ့နဲ့ဂရိအရာရှိများက ဂရိနိုင်ငံယူရိုကိုစွန့်ခွာမဲ့ အစီအစဉ် ကို အကြိမ်ကြိမ်ကန့်ကွက်ခဲ့ပါတယ်။ တကယ်လို့ စွန့်ခွာ ခဲ့ရင်ယူရိုဇုန်နဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးစနစ်ကို လှုပ်ခါ သွားစေနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအရ မရေရာ မှုတွေက နိုင်ငံရဲ့ စီးပွားရေးအနာဂတ်ကို  စိုးရိမ်မှုတွေကို တိုးပွားလာစေ ခဲ့ပါတယ်။    ဇွန် ၁၇ ရက်တွင် ဒုတိယအကျော့ရွေးကောက်ပွဲကို ကျင်းပရမည်ကို ကြည့်ခြင်းဖြင့်လည်းကောင်း၊ နောက်ဆုံး ပြုလုပ်သော သဘောထားစစ်တမ်းများအရလည်းကောင်း ဂရိမဲ့ဆန္ဒရှင်တွေက ခြိုးခြံချွေတာရေး အစီအမံတွေကို ပြင်းပြင်းထန်ထန်ကန့် ကွက်လျက်ရှိတာကို တွေ့ရပါတယ်။ ထို့အပြင် ကယ်တင်ရေးအစီအစဉ်ကို ထောက်ခံသူနဲ့ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံသောအဖွဲ့တို့ ကွဲလျက် ရှိတာကို တွေ့ရပါတယ်။Source.xinhua