ဆန်အဆင့်အတန်းတစ်ခု ဖော်ဆောင်ဖို့ ထိုင်းစီးပွားကူးသန်းဝန်ကြီးဌာနမှ အာဆီယံနိုင်ငံ ဆန်ထုတ်လုပ်သူများနဲ့ ပူးပေါင်း

    ဆန်တင်ပို့ဈေးနှုန်းမြှင့်တင်ဖို့ ကြိုးပမ်းမှုတစ်ခုအနေနဲ့ ဆန်အဆင့်အတန်းတစ်ခု ဖော်ဆောင်နိုင်ရေး အာဆီယံရဲ့အခြား ဆန် ထုတ်လုပ်တဲ့နိုင်ငံများနဲ့ ထိုင်းစီးပွားကူးသန်းဝန်ကြီးဌာနမှပူးပေါင်းဆောင်ရွက်နေကြောင်းသိရ ပါတယ်။ ထိုင်းဆန်နဲ့ အခြားနိုင်ငံများရဲ့ ထုတ်ကုန်များအကြား သိသာထင်ရှားတဲ့ အရည်အသွေးကောင်းတစ်ခု ဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ ဆန် အဆင့်အတန်းဖော်ဆောင်ဖို့ ဗီယက်နမ်နဲ့ကမ္ဘောဒီးယားနိုင်ငံအပါအဝင် အာဆီယံ ဒေသတွင်းက အခြားဆန် ထုတ် လုပ်သူ များနဲ့ ဝန်ကြီးဌာန မှ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ စီးပွားကူးသန်း ဝန်ကြီး Boonsong Teriyapirom  မှ ထုတ် ဖော်ပြောကြားပါတယ်။    ထိုင်းဆန်ဟာ အရည်အသွေးမြင့်ဆန်အဆင့်ရရှိနေပြီဖြစ်လို့ ဒေသတွင်းက အခြားနိုင်ငံများရဲ့ ဆန်များထက် ဈေး ပိုမိုနေပါတယ်။ ယခုပူးပေါင်းခြင်းမှ ဒေသတွင်းမှာ ယှဉ်ပြိုင်မှုလျော့ကျပြီး၊  အာဆီယံဆန်တင်ပို့ဖို့ ဈေးနှုန်းမြင့်တက် ဖို့လည်း အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။ ထိုင်းဆန်များ ပြည်ပဈေးကွက်ကို ထုတ်ရောင်းမှုနဲ့ပတ်သက်လို့ နိုင်ငံတော်တော် များများက အစိုးရအချင်းချင်း  စာချုပ်အရ ဆန်ဝယ်ယူဖို့ စိတ်ဝင်စားမှုရှိနေတယ်လို့ ၎င်းကဆိုပါတယ်။     ဒါကြောင့် ထိုင်းနိုင်ငံအနေနဲ့ အခြားပြိုင်ဖက်နိုင်ငံတွေလို ဈေးအနိမ့်နဲ့ ဆန်ရောင်းချဖို့ ဖြစ်လာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အစိုးရဟာ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊  ဖိလစ်ပိုင်နိုင်ငံများနဲ့ ဆန်ရောင်းချမှုနဲ့ပတ်သက်တဲ့ နားလည်မှု စာချွန်လွှာများ (MOUs) ရေးထိုးထားပြီးဖြစ်ပါတယ်။ ယခုနှစ်မှာ အစိုးရအချင်းချင်းကုန်သွယ်မှုအရ ဆန်တန်ချိန်၂ သန်း အထိ  ရောင်းချတင် ပို့ရလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းသိရပါတယ်။ လမင်း၊Source: riceonline