Main menu

Background

မေလ မတ်ပဲတင်ပို့မှု စံချိန်တင်မြင့်တက်

Wed, 06/20/2012 - 06:30 -- Anonymous (not verified)

    ယခုနှစ် မေလအတွင်း မတ်ပဲတင်ပို့မှုက စံချိန်သစ်တင် တိုးတက်ခဲ့ပါတယ်။ ဧပြီလတစ်လလုံးမှာ မတ်ပဲတန်ချိန် ၄၂၀၀၀ ကျော်တင်ပို့ခဲ့ပြီး မေလတစ်လလုံးမှာ တန်ချိန် ၉၀၀၀၀ ကျော်အထိ တင်ပို့မှုမြင့်တက်ခဲ့ ကြောင်းသိရပါတယ်။ ယခင်နှစ် မေလအတွင်းမှာလည်း မတ်ပဲတင်ပို့မှု တန်ချိန် ၈၅၀၀၀ နီးပါးထိမြင့်တက်ခဲ့ပေမဲ့ ယခုနှစ်မှာတော့ စံချိန်သစ်တင် တိုးတက်တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။    အပတ်စဉ်တင်ပို့မှုအနေနဲ့ ယခင်သီတင်းပတ်က တန်ချိန် ၁၉၀၀၀ ကျော် တင်ပို့မှုရှိခဲ့ရာမှ မေ ၂၈ ရက်မှ ဇွန် ၁ ရက်အထိ တစ်ပတ်အတွင်း မှာတော့ တန် ချိန် ၁၈၀၀၀ နီးပါးတင်ပို့ခဲ့ကြောင်းသိရပါတယ်။လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁ ရက် အထိ စုစုပေါင်း မတ်ပဲတင်ပို့ပြီးစိးမှုအနေနဲ့ တန်ချိန် ၁၃၅၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၇၃ သန်းကျော်ရရှိခဲ့လို့ ယခင်နှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁၁၆၀၀၀ ကျော်တင်ပို့ခြင်းမှ ရရှိတဲ့ဝင်ငွေ ကန်ဒေါ်လာ ၁၀၈ သန်းခန့်နဲ့ယှဉ်ရင် တင်ပို့မှုပမာဏမှာ ယခုနှစ် တန်နှစ်သောင်းခန့် ပိုမိုပေမဲ့ ရရှိတဲ့ ဝင်ငွေမှာတော့ ကန်ဒေါ်လာသန်း ၃၀ ကျော်လျော့နည်းတာ တွေ့ရပါတယ်။ လာမယ့်အပတ်မှာ လည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။                 MIRT - MAPT