ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲအရောင်းအဝယ် ပုံမှန်ဖြစ်နေကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက်ပုံမှန်ရှိနေပြီး ပြည်တွင်း ရောင်းလက်များမှ ရောင်းလိုအားများနေတယ်လို့ သိရပါတယ်။ ဈေးအနိမ့်မှာ ပင် ရောင်းချမှုများတာကြောင့် မတ်ပဲ FOB ဈေးမှာ ယခင်တစ်ပတ်ထက် အနည်းငယ် လျော့ကျခဲ့ပါတယ်။ ယခင်တစ်ပတ်က မတ်ပဲတန်ချိန် ၁၅၀၀၀ နီးပါး အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ် (ဇွန် ၁-၇ ရက်) အတွင်းမှာ တန်ချိန် ၁၄၀၀၀ ခန့် အရောင်းအ ဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယရူပီးတန်ဖိုး ဆက်လက် ကျဆင်းနေဆဲဖြစ်လို့ အိန္ဒိယဝယ်လက်များ က ဈေးပိုပေးဝယ် ယူမှုမရှိဘူးလို့ သိရပါ တယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက် ပါတယ်။ FAQ(အသစ်) SQ(အသစ်) FAQ(အဟောင်း) SQ (အဟောင်း)၈-၆-၁၂ ၄၉၅-၅၁၅ ၅၅၀-၅၇၀ ၄၈၀-၅၀၀ ၅၁၀-၅၃၀၁-၆-၁၂ ၅၀၀-၅၂၀ ၅၆၀-၅၈၀ ၄၈၀-၅၀၀ ၅၂၀-၅၄၀MIRT(MAPT)
Background