ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံ ရောင်းဝယ်မှု အားကောင်း နေပါတယ်။ ဇွန် ၁ ရက်မှ ၇ ရက်အထိ ပဲစင်းငုံအနီနဲ့ ဖြူနီစုစုပေါင်း တန်ချိန် ၁၂၀၀၀ နီးပါး အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ FOB ဈေးကွက်မှာ အိန္ဒိယဝယ်လက်များ ဝယ်လို အားကောင်းနေဆဲဖြစ်ပြီး ပြည်တွင်း ရောင်းလက်များ ဈေးအနိမ့်နဲ့ ရောင်းချမှု အားသိပ်မကောင်းတဲ့ အတွက် အရောင်း အဝယ်ဖြစ်ပေမဲ့ FOB ဈေးတော့ အနည်းငယ် တိုးလာခဲ့ပါတယ်။ ပဲတင်ပို့တဲ့ ကွန်တိန်နာသယ်ယူခနှုန်းထားများလည်း ယခုတစ်ပတ်မှာ အနည်းငယ် လျော့ကျတဲ့အတွက် တင်ပို့မှုပိုမိုသွက်လာ တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် ငုံနီ(အသစ်) ဖြူနီ၊အဖြူ(အသစ်) ငုံနီ(အဟောင်း) ဖြူနီ၊အဖြူ(အဟောင်း)၈-၆-၁၂ ၅၈၀-၆၀၀ ၄၉၀-၅၁၀ ၅၄၀-၅၆၀ ၄၂၀-၄၄၀၁-၆-၁၂ ၅၇၀-၅၈၀ ၄၈၀-၅၀၀ ၅၄၀-၅၆၀ ၄၂၀-၄၄၀MIRT(MAPT)
Background