Main menu

Background

ပဲလွန်းဖြူ တင်ပို့မှုနဲ့ အရောင်းအဝယ်ပြန်ကောင်းလာ

Wed, 06/20/2012 - 06:37 -- Anonymous (not verified)

    ဒီတစ်ပတ် ပင်လယ်ရေကြောင်း ကပဲလွန်းဖြူတင်ပို့မှုနဲ့  FOB အရောင်း အဝယ်ပြန်ကောင်းလာခဲ့ပါတယ်။ယခင် တစ်ပတ်က တန်ချိန် ၁၄၅၀ ခန့်တင်ပို့မှု ရှိခဲ့ပြီး မေ ၂၈ ရက်မှ ဇွန် ၁ ရက် အထိ တစ်ပတ်အတွင်းမှာ ပဲလွန်းဖြူ တန်ချိန် ၁၆၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ ဖြစ် ပါတယ်။    မေ တစ်လလုံးမှာ ပဲလွန်းဖြူ တန် ချိန် ၅၇၀၀ ခန့် တင်ပို့ခဲ့ပြီး ဧပြီ အတွင်းမှာ တန်ချိန် ၅၀၀၀ ခန့်ရှိခဲ့ပါ တယ်။ ၂၀၁၁ မေလအတွင်းမှာ ပဲလွန်း ဖြူ တန်ချိန် ၃၉၀၀ ခန့် တင်ပို့ခဲ့လို့ ယခုနှစ်မေလမှာ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ယခုဘဏ္ဍာနှစ် ဇွန် ၁ ရက် အထိ ပဲလွန်းဖြူ စုစုပေါင်း တန်ချိန် ၁၁၅၀၀ခန့်ရှိပြီး ကန်ဒေါ်လာ ၈ ဒသမ ၅ သန်းနီးပါးရရှိခဲ့ပါတယ်။ယခင်ဘဏ္ဍာ နှစ် ကာလတူမှာ ပဲလွန်းဖြူ တန်ချိန် ၈၃၀၀ ခန့်မှ ကန်ဒေါ်လာ ၇ ဒသမ ၅ သန်းရရှိခဲ့လို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင် ကြောင်း သိရပါတယ်။ လာမယ့်သီတင်း ပတ် တွေမှာလည်း ဆက်လက်တင်ပို့နိုင် မယ်လို့ ခန့်မှန်းရပါတယ်။    ရန်ကုန် FOB ဈေးကွက်မှာလည်း ယခုတစ်ပတ်မှာ ရောင်းဝယ်မှု ပြန်တက် လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ချိန် ၆၀၀ ကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့ရာမှ ဇွန်လ ၁ ရက်မှ ၇ ရက် အတွင်းမှာတော့ တန်ချိန် တစ်သောင်း ကျော် အထိ တိုးတက်ခဲ့ပါတယ်။အရောင်းအဝယ် တိုးတက်ပေမဲ့ FOB ဈေးကတော့ ယခင် တစ်ပတ်လိုပဲ ပြောင်းလဲမှုမရှိကြောင်း သိရပါတယ်။ ဇွန် ၈ ရက် ရန်ကုန် FOB မှာ ပဲလွန်းဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၆၆၀-၆၈၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT