Main menu

Background

ရန်ကုန် FOB မှာ ပဲတီစိမ်းအရောင်းအဝယ် ပိုမိုလျော့ကျ

Wed, 06/20/2012 - 07:06 -- Anonymous (not verified)

        ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်း အရောင်းအဝယ် ပိုမိုလျော့ကျလာခဲ့ပါတယ်။ အိန္ဒိယမှာ နွေပဲတီစိမ်းအသစ်တွေ ဝင်လာနေပြီဖြစ်လို့ ဝယ်လိုအားပါးလာတာကြောင့် တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံ အချို့ကို တင်ပို့ဖို့ အရောင်းအဝယ်အနည်းငယ်သာဖြစ်ကြောင်း သိရပါတယ်။ ဇွန်လ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်အတွင်း ပဲတီရွှေဝါ၊ ပဲတီစိမ်း စုစုပေါင်း တန်ချိန် ၂၃၀၀ သာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု နည်းတာကြောင့် ရန်ကုန် FOB ဈေးမှာ လည်း ပြောင်းလဲမှုမရှိ ငြိမ်နေပါတယ်။    ဇွန် ၈ ရက်မှာပဲတီစိမ်းအညာ FAQ တစ်တန်ကန်ဒေါ်လာ ၆၅၀-၆၇၀၊ ရွှေဝါအသေးမှာ ကန်ဒေါ်လာ ၈၀၀-၈၂၀ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၈၈၀-၉၀၀ နဲ့ ငြိမ်ကြောင်း သိရပါတယ်။                               MIRT - MAPT