အိန္ဒိယပြည်တွင်းဈေးကွက်တွေကို နွေပဲတီစိမ်းသစ်များ တစ်ရက်အိတ် ၃၀၀၀ ထိ တိုးလာတဲ့တိုင် ပဲတီစိမ်းခွဲခြမ်းဈေးတော့ တည်ငြိမ်နေပါတယ်။ မိုးပဲများလည်း စိုက်ပျိုးနေပြီဖြစ်ပြီး ဂူဂျာရတ်မှ တောင်သူများမှာ ဝါဂွမ်းအစား ဈေးပိုရတဲ့ မိုးပဲများ ပြောင်းလဲ စိုက်ပျိုးလာနိုင်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းအသစ်များ ဝင်လာနေပေမဲ့ ပြည်ပမှပဲတီစိမ်းများလည်း တင်သွင်းလျက်ရှိရာ မေ ၃၁ ရက်မှ ဇွန် ၆ ရက် အထိ မြန်မာနိုင်ငံမှ ပဲတီစိမ်း ကွန်တိန်နာ ၅၂ လုံး၊ သြစတြေးလျမှ ၁၅ လုံး၊ မိုဇမ်ဘစ်မှ ၅၄ လုံး၊ အင်ဒိုနီးရှားမှ ၅လုံး၊ တန်ဇန်းနီးယားမှ ၈၃ လုံး အသီးသီးဝင်ရောက်မှုရှိတယ် လို့သိရပါတယ်။ ဈေးကွက်တွေ မှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက် ပါတယ်။ ဒေါ်လာ/ တန် ၇-၆-၁၂ ၆-၆-၁၂ ၅-၆-၁၂ ၄-၆-၁၂မွန်ဘိုင်း(ပဲတီရွှေဝါ) ၇၃၄ ၆၆၇ ၇၃၈ ၇၅၂ချန်နိုင်း(ပဲတီရွှေဝါ) ၇၉၈ ၆၆၇ ၇၉၂ ၇၉၃အင်ဒိုရီ ၇၀၇ ၆၁၁ ၇၀၂ ၇၀၃MIRT(MAPT)
Background