Main menu

Background

ကုလားပဲတင်ပို့မှုနဲ့ အရောင်းအဝယ် အသင့်အတင့်ရှိနေ

Wed, 06/20/2012 - 07:09 -- Anonymous (not verified)

        ပြည်တွင်းဈေးကွက်တွေမှာ ကုလားပဲလက်ကျန်နည်းလာပြီဖြစ်ပေမဲ့ ပြည်ပဝယ်လိုအားကောင်းနေတဲ့ ကုလားပဲမှာ ယခုတစ်ပတ်လည်း အသင့်အတင့်တင်ပို့နိုင်ခဲ့ပါတယ်။ မေ ၂၈ ရက်မှ ဇွန် ၁ ရက်အထိ တစ်ပတ်အတွင်း ကုလားပဲရိုးရိုး၊ ကုလားပဲဖြူလုံးကြီး စုစုပေါင်း တန်ချိန် ၃၄၀၀ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ မေလတစ်လလုံး တင်ပို့မှုအနေနဲ့ စုစုပေါင်း တန်ချိန် ၂၁၄၀၀ ခန့်ရှိခဲ့ပြီး ဧပြီလအတွင်းမှာ တန်ချိန် ၈၉၀၀ ကျော်တင်ပို့ခဲ့ကာ ၂၀၁၁ မေ အတွင်းမှာတော့ တန်ချိန် ၁၆၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။    ယခုဘဏ္ဍာနှစ် ဇွန် ၁ ရက်အထိ ကုလားပဲစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် သုံးသောင်းကျော်ရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၂၂ သန်းနီးပါး ရှိပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ တန်ချိန် နှစ်သောင်းကျော်မှ ကန်ဒေါ်လာ ၁၅ သန်းကျော်ဖိုးရှိလို့ ယခုနှစ်ကာလတူမှာ တန်ချိန် တစ်သောင်းကျော် ပိုမိုတင်ပို့နိုင်ပြီးကြောင်း သိရပါတယ်။    ရန်ကုန် FOB ဈေးကွက်မှာ ဇွန်လ ၁ ရက်မှ ၇ ရက်အထိ ကုလားပဲဖြူလုံး၊ ကုလားပဲခွဲခြမ်းစုစုပေါင်း တန်ချိန် ၃၀၀၀ နီးပါး အရောင်းအဝယ် စာချုပ်နိုင်ခဲ့လို့ ယခင်တစ်ပတ်အရောင်းအဝယ်ဖြစ်တဲ့ တန် ၉၀၀ ထက်ပိုမိုရောင်းဝယ်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ပိုဖြစ်ပေမဲ့ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်လိုပဲ ပြောင်းလဲခြင်းမရှိ FAQ  တစ်တန် ကန်ဒေါ်လာ ၈၀၀-၈၂၀ နဲ့ ငြိမ်နေပါတယ်။               MIRT - MAPT