Main menu

Background

အိန္ဒိယကုလားပဲဈေး ယခုတစ်ပတ်ဈေးငြိမ်

Wed, 06/20/2012 - 07:10 -- Anonymous (not verified)

        အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ကုလားပဲဝယ်လိုအားနည်းပြီး ဈေးငြိမ်နေပါတယ်။ ဈေးကွက်များ ကို ပဲဝင်ရောက်မှု တစ်ရက်အိတ် ၃၀၀၀ ခန့်နဲ့ ပုံမှန်ဝင်ရောက်မှုရှိတဲ့တိုင် ဇွန်လစာချုပ် ကြိုပွိုင့်ဈေးကျဆင်းပြီး လက်တွေ့ အရောင်းအဝယ်ထိုင်းနေခြင်းကြောင့် ဈေးငြိမ်နေခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ပရောင်းချမှုနည်းခြင်း၊ မုတ်သုံအကြိုမိုးရွာသွန်းမှု ကြောင့် ပဲထုတ်လုပ်ရာ ဒေသများမှ ရောင်းလိုအားနည်းခြင်းနဲ့ ဒေသတွင်းပဲခွဲစက်များမှ ဝယ်လိုအား ကောင်းနိုင်တဲ့အတွက် ကုလားပဲဈေးမြင့် တက်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-     ဒေါ်လာ/ တန်                ၇-၆-၁၂    ၆-၆-၁၂    ၅-၆-၁၂    ၄-၆-၁၂မွန်ဘိုင်း       ၇၈၃           ၇၉၃       ၇၉၃       ၇၉၃ဒေလီ           ၇၅၁          ၇၇၁        ၇၃၉       ၇၅၇ကန်ပါ           ၇၄၇         ၇၇၁        ၇၄၈       ၇၅၁MIRT(MAPT)