Main menu

Background

ဈေးကောင်းစောင့်တဲ့ ရှမ်းချင်း

Wed, 06/20/2012 - 07:16 -- Anonymous (not verified)

        ဒီတစ်ပတ် အောင်ပန်းချင်းဈေးကွက်မှာ ချင်း(စို)က ပြန်ပြီး အဝင်များလာ ပါတယ်။ အောင်ပန်းအနီးပတ်ဝန်း ကျင်အပြင် ဟဲဟိုးဖက်ကပါ ဝင်လာတာကြောင့် အဝင်များလာတာဖြစ်တယ်လို့ သိရပါတယ်။ တစ်ရက်ကို ပိဿာချိန် ၃၀၀၀-၃၅၀၀ ခန့် ဝင်နေပြီး၊ လက်ကျန်တွေလည်း အတော်များများကျန်နေပါသေးတယ်။ ချင်း(ဥမ) တွေကလည်း ဖော်လို့ရနေပေမယ့် ချင်းတက်က လက်ကျန်အတော်များ များ ကျန်နေသေးတာကြောင့် တောင်သူတွေကလည်း မဖော်ရဲသေးပါဘူး။ ဈေး ကလည်း ထင်သလောက်မကောင်းသေးတာကြောင့် မဖော်ကြသေးဘူးလို့လည်း သိရပါတယ်။ ချင်း(စို)ကိုတော့ မန္တလေးနဲ့ မကွေးက အဓိကဝယ်ယူကြတယ် လို့ လည်း သိရပါတယ်။ ချင်း(စို)ဈေးကတော့ ကောင်းရင်ကောင်းသလိုဈေးပေးပြီး ဝယ်နေတာကြောင့် အနိမ့်ဆုံး ၂၀၀ ကျပ်မှ အမြင့်ဆုံး ၃၅၀ ကျပ်ဈေး ရှိပါတယ်။    ချင်းခြောက်ကတော့ အဝင်သိပ်မရှိတော့ပါဘူး။ လှောင်လက်တွေနဲ့ ခြံရှင်တွေရဲ့ လက်ထဲမှာသာ ရှိပြီး၊ လှောင်လက်ကတော့ ဈေးကောင်းစောင့်ရောင်း မယ်လို့ ဆိုပါတယ်။ ငွေလိုတဲ့ခြံရှင်တွေကသာ လိုသလောက် ထုတ်ရောင်းနေကြပြီး၊ တစ်ပိဿာကို ၉၀၀ ကျပ် -၁၀၀၀ ကျပ်ဈေးရှိတယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။ဧဧခိုင်