မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ ၁၀ တန်ကို မေလ ၃၀ ရက်မှ ဇွန်လ ၅ ရက် အတွင်းမှာ တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၄ တန်သာ အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၆ တန် အပို့ပိုခဲ့တာဖြစ်ပါတယ်။ မြဝတီနယ်စပ်မှတော့ ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိမန်ကျည်းမှည့်(အစေ့ပါ) ၁၁ တန် ကိုလည်း တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၄ တန် လျော့နည်းခဲ့ပါတယ်။ မူဆယ်မှလည်း မန်ကျည်းမှည့် (အစေ့ပါ) ၁၁၇ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၀၉၄ သန်းဖိုးလည်း အပို့ရှိခဲ့တဲ့အတွက် ယခုအပတ် နယ်စပ်မှ မန်ကျည်းမှည့် (အစေ့ပါ) ၁၂၈ တန်နဲ့ မန်ကျည်းစေ့ ၁၀ တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။MIRT(DOBT)
Background