Main menu

Background

ကျောက်ပန်းတောင်း မန်ကျည်းဈေးကွက်

Wed, 06/20/2012 - 07:17 -- Anonymous (not verified)

        ကျောက်ပန်းတောင်း မန်ကျည်းဈေးကွက်အတွင်းကို ပခုက္ကူဆိတ်ဖြူမှ ယခင်ကနေ့စဉ် မန်ကျည်းပိဿာ တစ်သောင်းခန့် ဝင်ရောက်လျက်ရှိရာမှ သြင်္ကန်ပြီး နောက်ပိုင်း၊ နေ့စဉ် ပိဿာနှစ်ထောင်ခန့်သာ ဝင်ရောက်မှုရှိကြောင်း  သိရပါတယ်။ ကျောက်ပန်းတောင်း မှာ ယခုရက်ပိုင်းအတွင်း မန်ကျည်းအရောင်းအဝယ်အေးသလို ဈေးလည်းအေး လျက်ရှိပါတယ်။ မန်ကျည်းအသား (အစေ့မပါ)ထိပ်စတစ်ပိဿာ ၆၀၀ ကျပ်၊ အလတ်စ ၅၀၀ ကျပ်၊ အောက်စ ၄၀၀ ကျပ် -၄၅၀ ကျပ်၊ မန်ကျည်း အလုံး ၃၀၀ ကျပ်၊ မန်ကျည်းစေ့တစ်ပိဿာ ၇၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။    ကျောက်ပန်းတောင်းမြို့နယ်မှာ မန်ကျည်းလက်ကျန်ပိဿာ သိန်းနှစ်ဆယ်ခန့် ရှိပြီး၊ ရန်ကုန်(ဘုရင့်နောင်)ကို နေ့စဉ် မန်ကျည်းပိဿာ ၃၀၀၀ - ၄၀၀၀ ခန့် တင်ပို့မှုရှိကြောင်း ပွဲရုံရပ်ကွက်မှ သိရပါတယ်။ မန္တလေးဈေးကွက်မှာ မန်ကျည်း အသား (အစေ့မပါ)တစ်ပိဿာ လက်ကားဈေး ၇၀၀ ကျပ်၊ လက်လီဈေး ၁၀၀၀ ကျပ်ဖြစ်ကြောင်း သိရပါတယ်။                သင်းသင်းအိ