Main menu

Background

အိန္ဒိယနနွင်း ဈေးကွက်မှာ ဝယ်လက်များမရှိ

Wed, 06/20/2012 - 07:20 -- Anonymous (not verified)

    အိန္ဒိယဈေးကွက်မှာ နနွင်းဈေးက ပုံမှန်ကျဆင်းနေပါတယ်။ တမီလ်နာဒူးမှာ အီရော့ဈေးကွက်တစ်ခုသာ နနွင်း ရောင်းချမှုရှိပြီး၊ အလားတူ မြောက်ပိုင်းပြည်နယ်တွေမှာလည်း Sangli   နဲ့ နီဇမ်မာဘတ်တို့မှာသာ နနွင်းရောင်း ဝယ်မှုရှိတယ်လို့ သိရပါတယ်။    နိုင်ငံအတွင်း Assam   အပါအဝင် ဒေသတော်တော်များမှာနနွင်းစိုက်ပျိုးမှုတိုးလာတယ်လို့သိရပါတယ်။ အာသံဒေသ ကို နနွင်းအိတ် ၃ သိန်းကျော်ဝင်ရောက်နေတယ်လို့ သိရပါတယ်။ အဲဒီလိုဝင်ရောက်မှုများတာ ကြောင့်လည်း ဈေးကျဆင်းနေခြင်း ဖြစ်တယ်လို့ အီရော့နနွင်းကုန်သည်များအသင်းဥက္ကဌ မစ္စတာအာကေဗွီရာ ဗီရှန်ကာမှ ပြောကြားပါတယ်။    နနွင်းဈေးကွက်မှာ မသေချာမရေရာမှုတွေကြောင့် အမြောက်အမြား ဝယ်ယူသူများဟာ လေလံများပါဝင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ ပြည်ပတင်ပို့သူ အနည်းစုသာ အရည်အသွေးကောင်းပြီး၊ နနွင်းအရွယ်ကြီးတွေကို သာ ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။ အနောက်တောင် မုတ်သုံမိုးဝင်ရောက်ခြင်းနဲ့အတူ ရောင်းချမှုလည်း ထိခိုက်လာတယ်လို့ ဆိုပါတယ်။    အရည်အသွေးကြောင့် ပြည်တွင်း နနွင်းမှုန့်စက်များရဲ့ အမှာအော်ဒါများအတွက် ဖြည့်ဆည်းဖို့ ပမာဏ အနည်းငယ်သာ ဝယ်ယူမှုရှိတယ်လို့ ကုန်သည်များကဆိုပါတယ်။ အီရော့နနွင့်းကုန်သည်များ အသင်းဈေးဝင်းမှာ နနွင်းလက်ချောင်းတစ်တန် ရူပီး၂၃၀၆၀-၃၃၉၉၀ (ကန်ဒေါ်လာ ၄၁၇ - ၆၁၄)ရှိပြီး၊နနွင်းဥဈေးကရူပီး ၂၂၈၂၀ - ၃၁၃၅၀ (ကန်ဒေါ်လာ ၄၁၂ - ၅၆၆) ရှိကြောင်း သိရပါတယ်။ယမင်းခင်၊Source: Business Line