Main menu

Background

တရုတ်နိုင်ငံမှာ ကြက်ဥနဲ့ ကြက်သွန်ဖြူဈေး မြင့်တက်

Wed, 06/20/2012 - 07:21 -- Anonymous (not verified)

        တရုတ်နိုင်ငံမှာ လယ်ယာထွက်ကုန်ဈေးနှုန်းတည်ငြိမ်အောင် သတင်းအချက်အလက်ဝန်ဆောင်မှုများနဲ့ ဖြန့်ဝေမှုပိုမိုကောင်း မွန်ရေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိတဲ့အတွက် ငွေကြေးဖောင်းပွမှု အတော်အတန် ငြိမ်သက်မယ်လို့ မျှော်မှန်းထားတဲ့တိုင် လွန်ခဲ့တဲ့ ၂ ပတ်ကျော်အတွင်း ကြက်ဥနဲ့ ကြက်သွန်ဖြူဈေးနှုန်းမြင့်တက်လျက် ရှိတယ်လို့ သိရပါတယ်။ လတ်ဆတ်ကြက်ဥ ပျမ်းမျှ ဈေးနှုန်းဟာ မေလ ၂၁ ရက်မှ ဇွန် ၅ ရက်အထိ ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ရာ မြန်ဆန်လွန်းစွာ မြင့်တက်မှုက စံချိန်တင်ခဲ့တယ်လို့ လယ်ယာထွက်ကုန်ဈေးနှုန်း စောင့်ကြည့်ရေးအဖွဲ့မှ နောက်ဆုံးစာရင်းတွေအရ သိရပါတယ်။    ဘေဂျင်းအပါအဝင် ပြည်နယ် ၆ ခုနဲ့ မြို့များမှာ အဲဒီကာလအတွင်း ကြက်ဥဈေးက ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါ တယ်။နိုင်ငံရဲ့ပျမ်းမျှ ကြက်သွန်ဖြူဈေးနှုန်းမှာလည်း မေ ၂၁ ရက်မှ ဇွန် ၄ ရက်အထိ ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ တယ် လို့ ဆိုပါတယ်။ အဲဒီကာလအတွင်း ပြည်နယ် ၆ ခုနဲ့ မြို့များမှာ ကြက်သွန်ဖြူဈေးက ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး၊ နိုင်ငံအလယ်ပိုင်း ဟီနန်(ံHenan)ပြည်နယ်မှာတော့ ၈၆ ဒသမ ၆ ရာခိုင်နှုန်းအထိ အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။    တရုတ်နိုင်ငံရဲ့ ဈေးနှုန်းဖောင်းပွမှုဟာ မတ်လမှာ ၃ ဒသမ ၆ ရာခိုင်နှုန်းရှိရာမှ ဧပြီမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းကို ကျဆင်းခဲ့ပြီးနောက် ယခုတစ်ဖန် ပြန်မြင့်တက်လာတာဖြစ်ပြီး၊ မေလအတွင်း စားသောက်ကုန် ဈေးနှုန်းကျဆင်းမှုကြောင့် ယခု မြင့်တက်မှု ထပ်မံလျော့ကျမယ်လို့လည်း မျှော်လင့်ကြပါတယ်။ ယခုဈေးမြင့်တက်မှု က အခြေခံနိမ့်ကျမှုကနေ လက်ခံနိုင် လောက်တဲ့ အထိ မြင့်တက်လာခြင်းဖြစ်တယ်လို့ တရုတ်ထိပ်တန်းစီးပွားရေး စီမံရေးဆွဲသူတစ်ဦးက ဇွန်လ ၅ ရက်နေ့မှာ ပြောကြားပါတယ်။    ကြက်သွန်ဖြူဈေးက သင့်တင့်တဲ့ ဈေးနှုန်းဝန်းကျင်မှာရှိနေဆဲဖြစ်ပြီး၊ ကြက်ဥဈေးက လွန်ခဲ့တဲ့ ၂ နှစ်မှာ အမြင့်ဆုံးဖြစ်ခဲ့တဲ့ ဈေးနဲ့ယှဉ်ရင် နိမ့်နေဆဲဖြစ်တယ်လို့ နိုင်ငံတော် ဖွံ့ဖြိုးရေးနဲ့ ပြန်လည်ထူထောင်ရေးကော်မရှင်ရဲ့ ဈေးနှုန်းဌာန၊ ဒုတိယ ခေါင်းဆောင်  Zhou  Wargjun   မှ ပြောကြားပါတယ်။ လက်ရှိကြက်သွန်ဖြူလက်ကားဈေးက တစ်ကီလို ၅ ဒသမ ၅ ယွမ် (ကန်ဒေါ်လာ ၈၇ ဆင့်)ရှိခဲ့လို့ ယခင်နှစ် အနိမ့်ဆုံးဈေးနှုန်းထက် ၄၈ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပေမယ့် ၂၀၁၀ အောက်တို ဘာလမှာ အမြင့်ဆုံးဖြစ်ခဲ့တဲ့ တစ်ကီလို ၁၂ ယွမ်(ကန်ဒေါ်လာ ၁ ဒသမ ၉)ထက်တော့အများကြီး နိမ့်ကျတယ်လို့ ဆိုပါတယ်။    ဈေးနှုန်းမြင့်တက်ရခြင်းအဓိက ကတော့ ထုတ်လုပ်မှုက အတက်အကျအပြောင်းအလဲများခြင်းကြောင့်ဖြစ်လု့ိ တရုတ်နိုင်ငံ ရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ သီးနှံပမာဏ၊ အဖွဲ့အစည်းနဲ့ သတင်းအချက်အလက် ဝန်ဆောင်မှုတွေမှာ ပြဿနာရှိတယ်ဆိုတာ ညွှန်ပြနေပါတယ်လို့ Zhou မှ ဆိုပါတယ်။ တောင်သူများမှာလည်း ဈေးကွက်သတင်း အချက်အလက်ရရှိမှု၊ နားလည်မှုနဲ့ အသုံးချမှုတို့မှာ အခက်အခဲရှိခြင်းကြောင့် ထုတ်လုပ်မှု ပမာဏနဲ့ ဈေးနှုန်း သတ်မှတ်မှုတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ထိန်းညှိဆောင်ရွက်နိုင်မှုမရှိဘူးလို့ ဆိုပါတယ်။ယမင်းခင်Source: Xinhua.com