Main menu

Background

ယခုနှစ်အတွင်း ကန်ဒေါ်လာ တန်ဖိုး ၃ ဒသမ ၃ ရာခိုင်နှုန်း မြင့်မားလာရာ ဖွံ့ဖြိုးပြီး ၁၀ နိုင်ငံ၏ ငွေကြေးများနှင့်ယှဉ်လျှင် စွမ်းဆောင်မှုအားအကောင်းဆုံး ငွေကြေးဖြစ်လာ

Wed, 06/20/2012 - 07:24 -- Anonymous (not verified)

      အီးယူဒေသနိုင်ငံတွေမှ ခေါင်းဆောင်တွေအနေနဲ့ ၎င်းတို့ရဲ့ ကြွေးမြီအကျပ်အတည်းကို  ဘယ်လိုရင်ဆိုင် ဖြေရှင်းရမယ် ဆိုတဲ့ ဆွေးနွေးမှုတွေအတွက် သဘောတူညီမှုမရသေးခြင်း၊ အမေရိကန်ရဲ့ အလုပ်လက်မဲ့ဦးရေ တိုးလာခြင်းနဲ့ တရုတ်နိုင်ငံမှာ ကုန်ထုတ်လုပ် မှုမဟုတ်တဲ့ လုပ်ငန်းတွေရဲ့ တိုးတက်နှုန်းကျဆင်းခြင်းတို့ကြောင့် ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှုအပေါ် စိုးရိမ်ပူပန်မှုပိုမို လာကြတယ်။ အီးယူဒေသကြွေးမြီ အကျပ်အတည်းကြောင့် ယူရိုငွေတန်ဖိုးကျဆင်း လာရာ  ဇွန် ၄ ရက် လန်ဒန်စံတော်ချိန် နံနက် ရး၁၅ နာရီ နိုင်ငံ တကာငွေလဲနှုန်းတွေအရ ယူရိုငွေက သုည ဒသမ ၂ ရာခိုင်နှုန်း တန်ဖိုးကျဆင်းကာ တစ်ယူရိုကို ၁ ဒသမ ၂၄၁၅ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ အမေရိကန် အလုပ်လက်မဲ့နှုန်း တိုးတက်လာတယ်လို့ အစီရင် ခံစာထွက်ပေါ်လာသော်လည်း ကန်ဒေါ်လာတန်ဖိုး မြင့်မားနေဆဲ ဖြစ်တယ်။ အာရှစတော့တန်ဖိုးတွေ ကျဆင်းရာ ကန်ဒေါ်လာကို ဝယ်လိုအားများပြီး  တန်ဖိုးလည်း မြင့်မားလာခြင်းဖြစ်တယ်။ ယခုနှစ် အတွင်း ကန်ဒေါ်လာက ၃ ဒသမ ၃ ရာခိုင်နှုန်း မြင့်မားလာရာ ဖွံ့ဖြိုးပြီး ၁၀ နိုင်ငံရဲ့ ငွေကြေးတွေနဲ့ယှဉ်ရင် စွမ်းဆောင်မှု အား အကောင်းဆုံး ငွေကြေးဖြစ်လာခဲ့တယ်။ ယန်းငွေမှာ ၁ ဒသမ ၄ ရာခိုင်နှုန်း  တန်ဖိုးမြင့်မားလာခဲ့ပြီး ယူရိုငွေမှာတော့ ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်။Source:Bloomberg.com၊ ပပ