ဘိလပ်မြေအဝင်ပိုပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မေ ၂၇ ရက်မှ ဇွန် ၂ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် ၄၀၇၀၉ ဒသမ ၃၃ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ သုံးဆယ့်သုံးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ တင် သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ တရုတ်နိုင်ငံမှ ဘိလပ်မြေ ၅၆ ဒသမ ၁၈တန်၊ ဗီယက်နမ်နိုင်ငံမှ ဘိလပ်မြေတန်ချိန် ၆၆၀၀ နဲ့ ထိုင်းနိုင်ငံမှ ၃၄၀၅၃ ဒသမ ၁၅ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်ဘိလပ်မြေ တင်သွင်းမှုက တန်ချိန် တစ်သောင်းနှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင် ပိုခဲ့ပါတယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီလ ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သိန်းနှစ်သောင်းကျော်ရှိခဲ့ပြီး မေလ ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ် သိန်းနှစ်သောင်းခုနှစ်ထောင်ကျော်ရှိခဲ့တာကြောင့် မေလမှာ တန်ချိန်ခုနှစ်ေ ထာင် ကျော်အဝင်ပိုခဲ့ပါတယ်။ MIRT (DOT)နယ်စပ်မှ ဘိလပ်မြေ အဝင်ကောင်းမေ ၃၀ ရက်မှ ဇွန် ၅ ရက်ထိ ကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၂၄၃ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၄၈၂၄ တန်ကျော်အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က ၂၉၁၄ တန်အသွင်းရှိခဲ့တာမို့ ယခု အပတ်တင်သွင်းမှုဟာ တန် ၁၉၀၀ ကျော် ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက်တင်သွင်းမှု တွေကတော့ တာချီလိတ်မှ ၃၀၂၈ တန်၊ မောင်တောမှ ၆၁၂ တန်၊ ချင်းရွှေဟော်မှ ၅၁၉ တန်၊ မူဆယ်မှ ၁၆၅ တန်နဲ့ လွယ်ဂျယ်မှတန် ၅၀၀ ကျော်ဖြစ်ပါတယ်။MIRT (DOBT)ဈေးကွက်အတွင်းအရောင်းပုံမှန်လေးနဲ့ ဈေးငြိမ်နေတဲ့ ဘိလပ်မြေ မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ယခင်တစ်ပတ်နဲ့စာရင် အရောင်း ပုံမှန်ပြန်ဖြစ်လာတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါ တယ်။ အရောင်းပုံမှန်ဖြစ်နေပေမဲ့ ဘိလပ်မြေဈေးက နည်းနည်းတက်လာတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဆင် (ထိုင်း)က တစ်အိတ်ကို ၁၀၀ ကျပ်၊ မြင်းခေါင်းက ၂၀၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး)က ၄၀၀ ကျပ် ဈေးမြင့်လာပါ တယ်။ ဒီတစ်ပတ်ဘိလပ်မြေဈေးက မြင်းခေါင်းတစ်အိတ်ကို ၃၆၀၀ ကျပ်၊ ဆင် (ထိုင်း) တစ်အိတ်ကို ၅၀၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး)က ၄၆၀၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ အရောင်းဝန်ထမ်း တစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ စိန်(ထိုင်း)ဘိလပ်မြေက တစ်ရာကျပ် ဈေးမြင့်လာပြီး ကျန်ဘိလပ်မြေများက ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဆင်(ထိုင်း) တစ်အိတ်ကို ၅၅၀၀ ကျပ်၊ စိန် (ထိုင်း) က တစ်အိတ်ကို ၅၃၀၀ ကျပ်၊ ကြံ့(မြိုင် ကလေး) က တစ်အိတ်ကို ၄၅၀၀ ကျပ်ဈေးနဲ့ ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ဘိလပ်မြေက အရောင်းအေးနေတယ် လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းအေးနေသလို ဈေးက လည်း ယခင်တစ်ပတ်အရောင်းအဝယ်ဖြစ်တဲ့ ဈေးအတိုင်းငြိမ်နေပါတယ်။ စိန်(ထိုင်း) ၇၄၀၀ ကျပ်၊ ခြင်္သေ့ ၅၀၀၀ ကျပ်၊ မြို့တော် ၄၈၀၀ ကျပ်၊ နဂါး ၅၈၀၀ ကျပ်နဲ့ ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက အရောင်းအေးတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ဆင်(ထိုင်း) ဘိလပ်မြေက ပုံမှန် ဈေးရှိနေပေမဲ့ မြင်းခေါင်းတံဆိပ်ဘိလပ်မြေက လေးရာကျပ်ဈေးမြင့်လာတယ်လို့ ပြောပါတယ်။ ဘိလပ်မြေအရောင်းဆိုင်မှာ ရောင်းနေတဲ့ ဈေးနှုန်းတွေက ဆင်(ထိုင်း) က တစ်အိတ်ကို ၅၇၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေက တစ်အိတ်ကို ၄၃၀၀ ကျပ်နဲ့ ဈေးငြိမ်နေတယ်လို့ ဆိုပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိနေတယ်လို့ အရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ယခင်တစ်ပတ်ဈေးအနည်း ငယ်တက်ခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာလည်း တက်နေခဲ့တဲ့ဈေးအတိုင်း ရှိနေတယ်လို့ သိရပါ တယ်။ ဆင်မင်း(ကျောက်ဆည်)က ဈေးကွက်ထဲ ပစ္စည်းပြတ်နေတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်အဝယ်လိုက်နေတဲ့ဈေးက အေသုံး လုံး ၅၅၀၀ ကျပ်၊ မြန်မာဆင် ၅၄၀၀ ကျပ်၊ ဆင်(ယိုးဒယား) ၆၆၀၀ ကျပ်၊ စိန် (ထိုင်း) ၆၅၀၀ ကျပ်၊ ကျားခေါင်း ၅၅၀၀ ကျပ်နဲ့ မြင်းခေါင်း ၅၀၀၀ ကျပ်ဈေးတို့ဖြစ်ပါတယ်။ MIRT (DOT)
Background