Main menu

Background

အိုကေနို့ဆီနဲ့ ဒွန်းနို့စိမ်းဝင်

Sun, 06/24/2012 - 03:12 -- Anonymous (not verified)

အိုကေနို့ဆီနဲ့ ဒွန်းနို့စိမ်းဝင်    မေ ၂၇ ရက်မှ ဇွန် ၂ ရက်တာ ကာလအတွင်း နို့ဆီ ၂၅၂ ဒသမ ၈၄ တန်နဲ့ နို့စိမ်း ၁၈၂ ဒသမ ၇၀၇ တန် တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တင် သွင်းခဲ့တဲ့ နို့ဆီနဲ့ နို့စိမ်းမှာ တရုတ်နိုင်ငံမှ အိုကေနို့ဆီနဲ့ စင်ကာပူနိုင်ငံမှ ဒွန်း တံဆိပ်နို့စိမ်းတို့ပဲဖြစ်ပါတယ်။ ယခင် သီတင်းပတ်တန်ချိန် တစ်ရာ့ခုနှစ်ဆယ် ကျော်သာ တင်သွင်းခဲ့တဲ့နို့ဆီက ဒီတစ် ပတ်မှာ တန်ခုနစ်ဆယ်ကျော် အဝင် ပိုခဲ့ပြီး ယခင်တစ်ပတ် အဝင်ပျောက်ခဲ့ တဲ့ နု့ိစိမ်းက ဒီတစ်ပတ်မှသာ ပြန်လည် တင်သွင်းလာခြင်းဖြစ်ပါတယ်။နို့မှုန့်က ဒီတစ်ပတ်မှာ နယူးဇီလန် နိုင်ငံမှ ၅၃ ဒသမ ၂ တန်နဲ့ သြစတြေး လျနိုင်ငံမှ ၂၄ ဒသမ ၄၄ တန် တင် သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ် နို့မှုန့် တင်သွင်းမှုက တန်ချိန် တစ်ရာ့လေး ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ နို့မှုန့်အဝင်လျော့ခဲ့ပါတယ်။ လချုပ် အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီလ နို့ဆီ တင်သွင်းမှုက တန်ချိန် တစ်ထောင့်နှစ် ရာကျော်ရှိခဲ့ပြီး မေလတင်သွင်းမှုက တစ်ထောင့်တစ်ရာကျော်ရှိခဲ့တာကြောင့် မေလမှာ တန်ချိန်တစ်ရာနီးပါး အဝင် လျော့နည်းခဲ့ပါတယ်။ နို့စိမ်းက မေလ မှာတန်ချိန် သုံးရာကျော်အဝင်ပိုခဲ့ပြီး နို့မှုန့်က တန်ချိန် တစ်ရာကျော် အဝင် ပိုခဲ့ပါတယ်။         MIRT(DOT) နို့ဆီရော နို့စိမ်းပါအသွင်းပိုမေ ၃၀ရက်မှ ဇွန် ၅ ရက်ထိကာလ အတွင်းမှာ  ကော့သောင်းနယ်စပ်မှ ယခင်အပတ်ကထက် နို့စိမ်း တန် ၈၀ ခန့်နဲ့ နို့ဆီ၂၁၅တန်အသွင်းပိုခဲ့ပါတယ်။ ယခုအပတ်မှာ  ကန်ဒေါ်လာ သုည ဒသမ ၀၀၆ သန်း တန်ဖိုးရှိ နို့စိမ်း ၈၈ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၃၄ သန်းတန်ဖိုးရှိ နို့ဆီ ၃၆၄ တန် ကျော်တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခု အပတ် မူဆယ်နယ်စပ်မှ နို့မှုန့်အသွင်း မရှိဘူးလို့ သိရပါတယ်။  MIRT(DOBT)